ျမစ္ဆုံ media သည္ လြတ္လပ္ေသာ မီဒီယာျဖစ္ျပီး မည္သည့္အဖြဲ႔၊ ပါတီ၊ အသင္းအဖြဲ႔၏ၾသဇာခံ လက္ေအာက္ခံမဟုတ္ပါ။ စီးပြားျဖစ္ မီဒီယာ မဟုတ္ပါ။ သတင္းမ်ားကိုအျမန္ဆုံးေပးပို႔ေနေသာ မီဒီယာတခုျဖစ္ပါသည္။
Wednesday, February 17, 2016
အစုိးရ အေျပာင္းအလဲတြင္ ႏုိင္ငံ တည္ၿငိမ္ ေအးခ်မ္းမႈ ရွိေနရန္မွာ က်င္းပခဲ့သည့္ ေရြးေကာက္ပြဲေပၚတြင္ အဓိက မူတည္ဟု ေရြးေကာက္ပြဲ ေကာ္မရွင္ ဥကၠ႒ ဦးတင္ေအး ေျပာၾကား
အစုိးရ အေျပာင္းအလဲတြင္ ႏုိင္ငံ တည္ၿငိမ္ ေအးခ်မ္းမႈ ရွိေနရန္မွာ က်င္းပခဲ့သည့္ ေရြးေကာက္ပြဲေပၚတြင္ အဓိက မူတည္ဟု ေရြးေကာက္ပြဲ ေကာ္မရွင္ ဥကၠ႒ ဦးတင္ေအး ေျပာၾကား
ရန္ကုန္ ၊ ေဖေဖာ္ဝါရီ ၁၇ ရက္ (ဆင္ဟြာ)
အစုိးရ အေျပာင္းအလဲတြင္ ႏုိင္ငံ တည္ၿငိမ္ ေအးခ်မ္းစြာ ရွိေနရန္မွာ က်င္းပခဲ့သည့္ ေရြးေကာက္ပြဲ အေပၚတြင္ အဓိက မူတည္ေၾကာင္း ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ ဥကၠ႒ ဦးတင္ေအးက ယေန ့ေဖေဖာ္၀ါရီ ၁၇ ရက္တြင္ ရန္ကုန္ၿမဳိ ့ရွိ ေတာ္၀င္ႏွင္းဆီခန္းမ၌ ျပဳလုပ္ေသာ ေရြးေကာက္ပြဲမွရလာေသာ ဒီမိုကေရစီ အေလ့အက်င့္ေကာင္းမ်ား အလုပ္႐ုံေဆြးေႏြးပြဲတြင္ ထည့္သြင္း ေျပာၾကားခဲ့သည္။
“ေရြးေကာက္ပြဲဟာ ဘက္လုိက္မႈ မရွိဘဲ လြတ္လပ္ၿပီး တရားမွ်တမွသာ ေရြးေကာက္ပြဲ ကာလ တည္ၿငိမ္ ေအးခ်မ္းမွာ ျဖစ္သလုိ လူထုရဲ ့ဆႏၵနဲ ့အညီ ေရြးခ်ယ္တဲ့ အစုိးရ အေျပာင္းအလဲကုိလည္း တည္ၿငိမ္ ေအးခ်မ္းစြာ ျဖစ္ေပၚ ေျပာင္းလဲေစမွာ ျဖစ္ပါတယ္။ေရြးေကာက္ပြဲ တည္ၿငိမ္ ေအးခ်မ္းၿပီး လြတ္လပ္မွ်တဖုိ ့ဆုိရာမွာလည္း ေကာ္မရွင္ တစ္ခုတည္းရဲ ့ေဆာင္ရြက္ခ်က္ သာမက ေရြးေကာက္ပြဲ လုပ္ငန္းစဥ္တုိင္းမွာ ႏုိင္ငံေရး ပါတီမ်ား ၊ လူမႈ အဖြဲ ့အစည္းမ်ား ၊ အစုိးရ အဖြဲ ့အစည္းမ်ား ၊ မီဒီယာမ်ား စတဲ့ Stake Holder အားလုံး ေရြးေကာက္ပြဲ ဥပေဒ ၊ တည္ဆဲ ဥပေဒမ်ားႏွင့္ အညီ ပူးေပါင္း ေဆာင္ရြက္မူေပၚ မႈတည္ပါတယ္။”ဟု ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ ဥကၠ႒ ဦးတင္ေအးက ေျပာၾကားခဲ့သည္။
ေရြးေကာက္ပြဲမွရလာေသာ ဒီမိုကေရစီ အေလ့အက်င့္ေကာင္းမ်ား အလုပ္႐ုံေဆြးေႏြးပြဲတြင္ ၂၀၁၅ ခုႏွစ္ အေထြေထြ ေရြးေကာက္ပြဲ က်င္းပရာတြင္ ေရြးေကာက္ပြဲ ေကာ္မရွင္ ၊ ႏုိင္ငံေရး ပါတီမ်ား ၊ လူမႈ အဖြဲ ့အစည္း မ်ားႏွင့္ မီဒီယာမ်ား အေနျဖင့္ ေရြးေကာက္ပြဲ ေအာင္ျမင္ေရးအတြက္ ေဆာင္ရြက္ခဲ့ၾကသည့္ လုပ္ငန္းစဥ္ မ်ားအေပၚ အားသာခ်က္ ၊ အားနည္းခ်က္မ်ားကုိ သုံးသပ္ ေဖာ္ထုတ္ၿပီး ေနာင္ေရြးေကာက္ပြဲ မ်ားအတြက္ အားသာခ်က္မ်ား ျဖစ္ေအာင္ အႀကံျပဳ သြားၾကရန္ ျဖစ္ေၾကာင္း သိရသည္။ (Xinhua)
----------------------------------
(Unicode Version)
အစိုးရ အပြောင်းအလဲတွင် နိုင်ငံ တည်ငြိမ် အေးချမ်းမှု ရှိနေရန်မှာ ကျင်းပခဲ့သည့် ရွေးကောက်ပွဲပေါ်တွင် အဓိက မူတည်ဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ပြောကြား
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)
အစိုးရ အပြောင်းအလဲတွင် နိုင်ငံ တည်ငြိမ် အေးချမ်းစွာ ရှိနေရန်မှာ ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အပေါ်တွင် အဓိက မူတည်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ယနေ ့ဖေဖော်၀ါရီ ၁၇ ရက်တွင် ရန်ကုန်မြို ့ရှိ တော်၀င်နှင်းဆီခန်းမ၌ ပြုလုပ်သော ရွေးကောက်ပွဲမှရလာသော ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ အလုပ်ရုံဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။
“ရွေးကောက်ပွဲဟာ ဘက်လိုက်မှု မရှိဘဲ လွတ်လပ်ပြီး တရားမျှတမှသာ ရွေးကောက်ပွဲ ကာလ တည်ငြိမ် အေးချမ်းမှာ ဖြစ်သလို လူထုရဲ ့ဆန္ဒနဲ ့အညီ ရွေးချယ်တဲ့ အစိုးရ အပြောင်းအလဲကိုလည်း တည်ငြိမ် အေးချမ်းစွာ ဖြစ်ပေါ် ပြောင်းလဲစေမှာ ဖြစ်ပါတယ်။ရွေးကောက်ပွဲ တည်ငြိမ် အေးချမ်းပြီး လွတ်လပ်မျှတဖို ့ဆိုရာမှာလည်း ကော်မရှင် တစ်ခုတည်းရဲ ့ဆောင်ရွက်ချက် သာမက ရွေးကောက်ပွဲ လုပ်ငန်းစဉ်တိုင်းမှာ နိုင်ငံရေး ပါတီများ ၊ လူမှု အဖွဲ ့အစည်းများ ၊ အစိုးရ အဖွဲ ့အစည်းများ ၊ မီဒီယာများ စတဲ့ Stake Holder အားလုံး ရွေးကောက်ပွဲ ဥပဒေ ၊ တည်ဆဲ ဥပဒေများနှင့် အညီ ပူးပေါင်း ဆောင်ရွက်မူပေါ် မှုတည်ပါတယ်။”ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့သည်။
ရွေးကောက်ပွဲမှရလာသော ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ အလုပ်ရုံဆွေးနွေးပွဲတွင် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရာတွင် ရွေးကောက်ပွဲ ကော်မရှင် ၊ နိုင်ငံရေး ပါတီများ ၊ လူမှု အဖွဲ ့အစည်း များနှင့် မီဒီယာများ အနေဖြင့် ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ဆောင်ရွက်ခဲ့ကြသည့် လုပ်ငန်းစဉ် များအပေါ် အားသာချက် ၊ အားနည်းချက်များကို သုံးသပ် ဖော်ထုတ်ပြီး နောင်ရွေးကောက်ပွဲ များအတွက် အားသာချက်များ ဖြစ်အောင် အကြံပြု သွားကြရန် ဖြစ်ကြောင်း သိရသည်။ (Xinhua)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment