Wednesday, February 17, 2016

မွန်ပြည်နယ်တွင် ကျင်းပသည့် အခြေခံပညာ စာမေးပွဲ၌ လာရောက် ဖြေဆိုခြင်းမရှိသည့် ကျောင်းသားများရှိနေ -------- ------- -----

မွန်ပြည်နယ်တွင် ကျင်းပသည့် အခြေခံပညာ စာမေးပွဲ၌ လာရောက် ဖြေဆိုခြင်းမရှိသည့် ကျောင်းသားများရှိနေ -------- ------- -------- မွန်ပြည်နယ်တွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲတွင် အင်္ဂလိပ်စာ ဘာသာရပ်နေ့အထိ ဖြေဆိုရန် ပျက်ကွက်သူ ၁,၂၀၀ ကျော်ရှိကြောင်း သိရသည်။ စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲကို ယခုလ ၁၅ ရက်နေ့တွင် မြန်မာစာဘာသာရပ်ဖြင့် စတင်ကျင်းပခဲ့ရာ မွန်ပြည်နယ်တွင် မြန်စာဖြေဆိုသည့်နေ့၌ ပြည်နယ်တစ်ခုလုံး အနေဖြင့် စတုတ္ထတန်းဖြေဆိုသူ ၃၆,၉၈၂ ဦး ရှိပြီး ပျက်ကွက်သူ ၈၃၈ ဦးရှိကြောင်း၊ အဋ္ဌမတန်း မြန်မာစာကို ဖြေဆိုသူ ၂၂,၁၅၅ ဦး ရှိပြီး ပျက်ကွက်သူ ၄၄၂ ရှိခဲ့ကြောင်း၊ ယင်းအတွက် မြန်မာစာ ဖြေဆိုသည့်နေ့တွင် ဖြေဆိုရန်ပျက်ကွက်သူ ၁,၂၈၀ ဦးရှိကြောင်း မွန်ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်း များအရ သိရသည်။ ၁၆ ရက်နေ့တွင် ကျင်းပသော အင်္ဂလိပ်စာ ဘာသာရပ်ဖြေဆိုရသည့်နေ့တွင် စတုတ္ထတန်း၌ ဖြေဆိုရန်စာရင်းရှိသူ ၃၇,၈၂၀ ဦး၊ လာရောက်ဖြေဆိုသူ ၃၆,၉၈၁ ဦး၊ ပျက်ကွက်သူ ၈၃၉ ဦးရှိခဲ့ကြောင်း အဋ္ဌမတန်းတွင် ဖြေဆိုရန် စာရင်းရှိသူ ၂၂,၁၅၅ ဦး၊ လာရောက်ဖြေဆိုသူ ၂၁,၇၁၁ ဦး၊ ပျက်ကွက်သူ ၄၄၄ ဦးရှိခဲ့ကြောင်း စတုတ္ထတန်းနှင့် အဋ္ဌမတန်းနှစ်တန်းပေါင်း ၁,၂၈၃ ဦးသည် အင်္ဂလိပ်စာဖြေဆိုသည့်နေ့၌ ပျက်ကွက်ခဲ့ကြောင်း သိရသည်။ “ကျွန်တော်တို့ဘက်မှာ ကလေးတွေ ဘာလို့ လာမဖြေတာလဲ ဆိုတာတော့ အကြောင်းအရင်းက အမျိုးမျိုးရှိနိုင်ပါတယ်။ ကျန်းမာရေး ကိစ္စ၊ ခရီးလွန်တာ၊ စာမေးပွဲဖြေခါ နီးမှ ကျောင်းထွက်သွားတာ အမျိုးမျိုးပေါ့။ ဒီလိုအကြောင်းအချက်တွေကို မြို့နယ်အလိုက်မှာရှိတဲ့ စာစစ်ဌာန ကြီးကြပ်ရေးမှူးတွေက ရေးပြီးတော့ ကျွန်တော်တို့ဆီကို တင်ပြမှာဖြစ်ပါတယ်။ ပျက်ကွက်ရတဲ့ အကြောင်းပြချက်တွေကို ၂၂ ရက်နေ့ နောက်ဆုံးထားပေးပို့ဖို့ ညွှန်ကြားထားပါတယ်။ လက်ရှိတော့ ဘာကြောင့် ပျက်ကွက်ရတယ်ဆိုတဲ့ အသေးစိတ်တော့ မသိရသေးပါဘူး” ဟု မွန်ပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။ မွန်ပြည်နယ်တွင် မော်လမြိုင် ခရိုင်နှင့် သထုံခရိုင်နှစ်ခုရှိပြီး မော်လမြိုင်ခရိုင်တွင် မြို့နယ် ၆ ခုရှိကာ သထုံခရိုင်တွင် မြို့နယ် ၄ ခုရှိ ကြောင်း ခရိုင်အလိုက် ပျက်ကွက်မှု စာရင်းများအရ စတုတ္ထတန်း အင်္ဂလိပ်စာဖြေဆိုသည့် နေ့တွင် မော်လမြိုင်ခရိုင်တွင် ဖြေဆိုရန် စာရင်းရှိသူ ၁၆,၃၃၁ ဦး၊ လာရောက်ဖြေဆိုသူ ၁၅,၉၉၂ ဦး၊ ပျက်ကွက်သူ ၃၃၉ ဦးရှိကြောင်း သထုံခရိုင်တွင် ဖြေဆိုရန် စာရင်းရှိသူ ၂၁,၄၈၉ ဦး၊ လာရောက်ဖြေဆို သူ ၂၀,၉၈၉ ဦး၊ ပျက်ကွက် ၅၀၀ ဦး ရှိကြောင်း သိရသည်။ အလားတူ အဋ္ဌမတန်း အင်္ဂလိပ်စာ ဖြေဆိုသည့်နေ့တွင် သထုံခရိုင်၌ ဖြေဆိုရန်စာရင်းရှိသူ ၉,၃၈၈ ဦး၊ လာရောက်ဖြေဆိုသူ ၉,၂၀၈ ဦး၊ ပျက်ကွက်သူ ၁၈၀ ရှိကြောင်း မော်လမြိုင်ခရိုင်တွင် ဖြေဆိုရန် စာရင်းရှိသူ ၁၂,၇၆၇ ဦး၊ လာရောက်ဖြေဆိုသူ ၁၂,၅၀၃ ဦး၊ ပျက်ကွက်သူ ၂၆၄ ဦး ရှိခဲ့ကြောင်း သိရသည်။ မွန်ပြည်နယ်တွင် စတုတ္ထနှင့် အဋ္ဌမတန်းစာမေးပွဲအတွက် စာစစ် ဌာန ၂၂၇ ခု ဖွင့်လှစ်ထားပြီး ယခုနှစ်တွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်း ဖြေဆိုရန် စာရင်းရှိသူ ၆ သောင်း ကျော် ရှိကြောင်း သိရသည်။ သတင်း - သူရိယ Photo - AFRYU SAN The Ladies News

No comments: