မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, February 6, 2016
လွှတ်တော်သစ်ကြီးမှာ စတင်ထိန်းချုပ်ခံလိုက်ရတဲ့ ခွေးဖြစ်သွားတဲ့ မီဒီယာကဏ္ဍ
လွှတ်တော်သစ်ကြီးမှာ စတင်ထိန်းချုပ်ခံလိုက်ရတဲ့
ခွေးဖြစ်သွားတဲ့ မီဒီယာကဏ္ဍ
နေပြည်တော် ၊ ၆ ဖေဖော်ဝါရီ
၂၀၁၁ ခုနှစ်၊ မတ်လပိုင်းလောက်မှာ အရပ်သားအစိုးရအဖြစ် ပြောင်းလဲသွားပြီးတဲ့နောက် ကျန်တဲ့အခန်းကဏ္ဍ တွေ ဘယ်လိုပဲရှိရှိပါ၊ နတ်ရေကန်ထဲ ပစ်ချခံလိုက်ရသလို ပြောင်းလဲတိုးတက်သွားတဲ့ ကဏ္ဍတစ်ခုကတော့ ရှိခဲ့ပါတယ်။ အဲဒါကတော့ မီဒီယာအခန်းကဏ္ဍပဲ ဖြစ်ပါတယ်။ ထို့အတူ NLD အစိုးရသစ်တက်လာပြီး စတင် ပြောင်းလဲချုပ်ကိုင်ခံရတာကလည်း အရင်အစိုးရလက်ထက် ပြောင်းလဲ
တိုးတက်ခဲ့တဲ့ မီဒီယာအခန်းကဏ္ဍ ဖြစ်နေတာကို တွေ့မြင်လာရပါတယ်။
NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ အများစုပါဝင်တဲ့ ဒုတိယအကြိမ် ပြည်သူလွှတ်တော်
အစည်းအဝေး များတွင် သတင်းမီဒီယာများက လွှတ်တော်အစည်းအဝေးများ ကျင်းပနေပုံကို တိုက်ရိုက်သတင်းရယူ ရိုက်ကူး နိုင်သော မီဒီယာခန်းမများအတွင်း သတင်းယူခွင့်မပြုဘဲ လွှတ်တော်၏အဆောက်အအုံဘေး လျောက်လမ်း တွင် TV တစ်လုံး တပ်ဆင်ပေးထားပြီး ထိုနေရာမှာပဲ သတင်းယူခွင့်ပြုခဲ့ပါတယ်။ ဒါကြောင့် သတင်းမီဒီယာ သမားများအားလုံးက TV တစ်လုံးတည်းမှာပဲ စုပြုံ ဓါတ်ပုံ၊ ဗီဒီယိုရိုက်ကူးကာ သတင်းယူခဲ့ရပါတယ်။
ထို့အတူ NLD အစိုးရသစ်အနေဖြင့် လွှတ်တော်စတင်ပြီး နောက်ရက်မှာ လွှတ်တော်တွင်း “No Interview Area” ဆိုတဲ့ ဆိုင်းဘုတ်တွေကပ်ပြီး မီဒီယာသမားတွေ အရင်လို သတင်းယူလို့ မရအောင် ကန့်သပ်ချုပ်ချယ်မှု တွေ ဆက်တိုက်ပြုလုပ်လာခဲ့ပါတယ်။ သတင်းမီဒီယာသမားများက ဒေါ်အောင်ဆန်း
စုကြည် လွှတ်တော်တွင်း ၀င်ရောက်လာပုံကို ဓါတ်ပုံရိုက်ဖို့ ကြိုးစားတဲ့အခါ NLD ပါတီဝင်များက အတင်းအကြပ်တားဆီးလို့ အချင်း များသည်အထိ ဖြစ်ခဲ့ရပါတယ်။
မီဒီယာများအနေဖြင့် အရင်အစိုးရလက်ထက်တွင်သာ မီဒီယာဖိနှိပ်မှုရပ်၊ တန်းတူညီမျှရေး ဒို့အရေးဆိုပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြပေမယ့် NLD အစိုးရသစ် စတင်တက်လာချိန်မှာ အခုလို ဆက်တိုက် ဖိနှိပ်ချုပ်ချယ်ခံရမှုကို မည်သို့မျှ ဝေဖန်ပြောကြာခြင်းမရှိဘဲ ငြိမ်သက်ပြီး နှုတ်ဆိတ်နေတာကိုလည်း
တွေ့မြင်ရပါတယ်။
တကယ်တော့ မီဒီယာရဲ့အခန်းကဏ္ဍက တိုင်းပြည်အတွက် အလွန်အရေးကြီးပါတယ်။ တိုင်းပြည်ပြန်လည် တည်ဆောက်ရေးကာလနဲ့ အခုလို လွှတ်တော်မှာ အစိုးရသစ်တက်လာချိန်မှာ မီဒီယာရဲ့ကဏ္ဍက ပိုပြီးအရေးပါ လာပါတယ်။ ဒီမိုကရေစီစနစ်အတွက် မီဒီယာများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါသည် ဟု ဒေါ်အောင် ဆန်းစုကြည် ပြောခဲ့ဖူးသော်လည်း ယခုလို NLD အစိုးရသစ် တက်လာချိန်တွင် မီဒီယာများ လွတ်လပ်ခွင့် မရရှိအောင် မီဒီယာလွတ်လပ်ခွင့်ကို တင်းကျပ်ထားခြင်းများ ပြုလုပ်လာပါတယ်။
လွှတ်တော်တွင် ဆုံးဖြတ်သည့်ကိစ္စရပ်များနဲ့ ကောင်းမွန်သော အုပ်ချုပ်ရေးသဘောထား စည်းမျဉ်းများကို
ပြည်သူလူထု သိမြင်နိုင်လာစေရန် လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝင်များနှင့် ပြည်သူလူထုကြားတွင် မီဒီယာများဟာ ပလက်ဖောင်းသဖွယ်ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်
ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ လွတ်လပ်ပြီး တရားမျှတသော၊ ဘက်မလိုက်သော၊ ပြည်သူ
အတွက် မားမားမတ်မတ် ရပ်တည်ကာ မည်သူကိုမဆို ဝေဖန်ပြောဆိုနိုင်သော ဘက်မလိုက်မီဒီယာများ လိုအပ်ပါ ကြောင်း ရေးသားလိုက်ရပါတယ်။
မောင်မိုးဆွေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment