ဂျာမနီမှာ ကားလမ်းပိတ်လို့ တန်းစီနေရတဲ့အခါ ယာဉ်မောင်းတွေဟာ သူတို့ရဲ့ ကားတွေကို လမ်းရဲ့တဖက်စီ အလိုက်တသိ ကပ်ထားပေးကြပါတယ်။
-
ဘာဖြစ်လို့လဲဆိုတော့ တစ်ခုခု အရေးရယ်အကြောင်းရယ်ဆို အရေးပေါ်ကားတွေ သွားနိုင်အောင် လမ်းဖယ်ထားပေးထားတဲ့ သဘောပါ။
-
ရိုးရိုးရှင်းရှင်းလေးနဲ့ တကိုယ်ကောင်းမဆန်တဲ့ စိတ်ဓါတ်က အတုယူဖို့ ကောင်းပါတယ်။ ဘယ်သူမှ အတင်းတိုးဝှေ့ ကြားမဖြတ်ကြဘဲ စည်းကမ်းရှိရှိ တန်းစီကြတယ်။
-
ဂျာမနီရယ်၊ ကားလမ်းရယ်လို့ ပြောချင်တာ မဟုတ်ပါဘူး။ လူတစ်ဦးချင်းစီရဲ့ အခြေခံ စိတ်ဓါတ်၊ ခံယူချက်၊ စိတ်နေသဘောထားကို ရည်ညွှန်းချင်တာပါ။
-
တစ်ဦးအပေါ် တစ်ဦး အပြန်အလှန်လေးစားပြီး ကောင်းမွန်တဲ့ ၀န်းကျင်တစ်ခုဖြစ်လာဖို့ဆိုတာ အစိုးရ ပြောင်းရုံနဲ့ မလုံလောက်ဘူး၊ ကျွန်တော်တို့ ခင်ဗျားတို့အပါအ၀င် ပြည်သူအားလုံးမှာ တာဝန်ကိုယ်စီ ရှိကြပါတယ်။
=======
Htut Htake
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, February 7, 2016
ဂျာမနီမှာ ကားလမ်းပိတ်လို့ တန်းစီနေရတဲ့အခါ ယာဉ်မောင်းတွေဟာ သူတို့ရဲ့ ကားတွေကို လမ်းရဲ့တဖက်စီ အလိုက်တသိ ကပ်ထားပေးကြပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment