Tuesday, February 2, 2016

တရားဥပဒေစိုးမိုးရေးနဲ.အတူ ထိရောက်တဲ့အပြစ်ဒဏ်ပေးမှုမျိုးတွေလည်း လိုအပ်ပါတယ် ===============

တရားဥပဒေစိုးမိုးရေးနဲ.အတူ ထိရောက်တဲ့အပြစ်ဒဏ်ပေးမှုမျိုးတွေလည်း
လိုအပ်ပါတယ်
==============================================
အောက်ပါတင်ထားတဲ့ပို့စ် ကိုမဖတ်ခင် ကြိုတင်မှာကြားပါရစေ။

(၁) ဒီပို့စ်ကို ရေးနိုင်ဘို့ မည်သူတဦးတယောက် ၏ အကူအညီမှ မယူထားပါ။
အထူးသဖြင့် သေဆုံးသူမိသားစု နှင့်လည်း ဒီနေ့ထိ မသိကျွမ်းပါ။
ချက်ဘောက်ကမေးထားသည်ကိုပင် ပြန်လည်ဖြေကြားခြင်းမရှိပါ။
သို့ပါ၍ ပို့စ်ကို ရေးခြင်းသည် သေဆုံးသူ မိသားစု၏ အကူအညီ လုံးဝ မရှိပါကြောင်းအသိပေးပါရစေ။

(၂) စစ်တပ်မှတပ်ရင်းမှူး သားဆိုသူနှင့် ပက်သက်နေခြင်းကို သိသည်မှာ ကြာပြီဖြစ်သော်လည်း စစ်တပ်ကမို့ ဖွသည်ဟု သူများ၏ဝေဖန်သံ များကို
လည်း မကြားလို၍ ပြည်သူ့ရဲများတရားဝင် ထုတ်ဖော်သည်အထိ စောင့်ဆိုင်း
နေခဲ့ပါသည်။

(၃) ၂၆ ရက်မှာ ပျောက်ဆုံးပြီး ၂၈ ရက်မှာ အလောင်းကို တွေ့ရှိပါသည်။
၂၈ရက်နှင့် ၂၉ ရက် မှာ ရည်းစားဖြစ်သူက ၀န်ခံလိုက်ပြီဟု အွန်လိုင်းမှာ သတင်း
များပေါ်နေခဲ့ပါသည်။

++++++++++++++++
ဓာတ်ပုံများတွင် ပြည့်စုံစွာ စာရေးထားလို့ သိပ်ထပ်ရေးစရာမလိုတော့ပါ။
အနည်းငယ်ပဲပြောချင်ပါသည်။

၁။ လည်ပင်းကိုညှစ်သည်။
မသေခင် ဗိုက်ကို အကြိမ်ကြိမ်ကန်သည်။ ထိုးသည်။
မျက်နာကိုလည်း အကြိမ်ကြိမ်ထိုးသည်....ဆိုတာ ဒါဏ်ရာများကို ကြည့်၍ သိနိုင်
ပါသည်။

၂။ ချစ်သူခြင်း စိတ်တို၍ လုပ်မိလျှင် ပြင်းထန်စွာ ဆောင့်တွန်းပြီး ခေါင်းကို
တခုခု နှင့် တိုက်၍ သွေးလွန်သေနိုင်ပါသည်။

၃။ စိတ်လိုက်မာန်ပါလုပ်မိ၍ ရုန်းရင်းဆန်ခတ်မျိုးကြောင့် သေသည် (အွန်လိုင်း
တွင် သတင်းပြန့်သလို) ဆိုသည်မှာ မဟုတ်ပါ။ရည်ရွယ်ချက်ရှိရှိ ညှင်းဆဲ
ထားသလို ၀ိုင်းအနိုင်ကျင့်ခံရသလိုမျိုးဖြစ်နေပါသည်။

၎။ ဘယ်ယောကျာ်းလေးကမှ မိန်းကလေး တယောက်နှင့် boxing ထိုးပြီး
သူတပြန် ကိုယ်တပြန် ရန်ဖြစ်မည် မဟုတ်ပါ။ဒါဆိုရည်းစားဖြစ်သူမှ မိမိ
သူငယ်ချင်းများကို သေဆုံးသူ မိန်းကလေးအားဝိုင်းပြီး ကာမ အနိုင်ယူခွင့်
ပေးသလား။ ( ဒါက မြန်မာပြည်မှာ အင်မတန်ခေတ်စားပြီးမိန်းကလေး
များက မိမိတို့အရှက်ကိုကာကွယ်လိုခြင်းကြောင့် အပြင်သို့ သတင်း
မပေါက်ခြင်းဖြစ်ပါသည်။) ဒီအချက်ကိုလည်း ထည့်သွင်းစဉ်းစားရပါမည်။ (အင်းစိန်ဆေးရုံက ဆေးမှတ်တမ်းက အရေးကြီးပါသည်)

၅။ ရမ်းရမ်းကားကား ဒေါသဖြင့် ထိုး၍ သေသည်ဆိုပါက အနှီ ရည်းစားဖြစ်သူ စတားမော်ဒန်အေဂျီစီ မှ မော်ဒန်ဘွိုင်းလေး သူထက်နိုင်သည် မင်းအုပ်စိုး
ကဲ့သို့ သောသူဖြစ်နိုင်ပါသည်။ (သွေးအေး လူသတ်သမား ပုံစံ)

ချစ်စရာကောင်းသော၊လိမ်မာသော၊ စာတော်သော၊ လူမှု ရေး စိတ်ဓာတ်ရှိသော
ထို ကောင်မလေးအား အညှိုးနှင့် သတ်စရာ မရှိလျှင် ဘာကြောင့် သတ်သည်ကို
လူသတ်သမားသာ သိပါလိမ့်မည်။ ပြည်သူ့ရဲများက ပြည်သူများဘက်မှ
ရပ်တည်မည်ဟုလည်းယုံကြည်နေပါသည်။

( The voice ဂျာနယ်မှ မနေ့က တင်ထားသော သတင်းအရရည်းစားဖြစ်သူမှာ
ဝန်ခံပြီဟု ဆိုသော်လည်း၊ ထွက်ဆိုသော အကြောင်းအရာများမှာ လွဲချော်နေ
ပါသည်။ သေဆုံးသူမိန်းကလေး ၀တ်ထားသော အ၀တ်ထည်များအရ
လျောက်လည်ခြင်း မဖြစ်နိုင်ပါ။ မိခင် ဖြစ်သူကိုတံခါးမပိတ်ပါနှင့် ဟု မှာထား
ခဲ့ပါသည်။ ကြို တင်ကြံစည်မှု ဆိုတာကိုဖုံးကွယ်ထားပြီး နောက်ထပ် ပါဝင်
ပက်သက်သော သူများကိုလည်းဖုံးကွယ်ထားပါသည်။ ဘာကြောင့် မိန်းကလေး
၏ ရင်သားကိုလှန်၍ ထားခဲ့သည် ဆိုတာလည်းစဉ်းစား စရာဖြစ်နေပါသည်။)

(မှတ်ချက်။ ။ ဒါဏ်ရာများကို သတင်းတွင် အတိအကျ မထုတ်ဖော်၍ အမှန်တရား
ကိုပြသလိုခြင်းကြောင့်သာ သေဆုံးသူပုံများကို သုံးစွဲခြင်းဖြစ်ပါသည်။ မလှ မပ
ပုံများကိုမိသားစု အားကိုယ်ချင်းစာ၍ မတင်ချင်သော်လည်း ပြည်သူအားလုံး
သိရှိဘို့ အတွက်အမှန်တရား တခုအတွက် တင်လိုက်ရပါ၍ မိသားစုဝင်များ
ကိုလည်း အနူးညွတ်တောင်းပန်အပ်ပါသည်။ ကြိုးစားပြီးလည်း ဖြတ်ညှပ်ကပ် လုပ်ပေးထားပါသည်။)

သတင်းဓါတ်ပုံ- လင်းယုန်မာန်
CSI MM
https://www.facebook.com/permalink.php?story_fbid=1235587193124755&id=949164291767048

No comments: