Monday, February 8, 2016

ရခိုင် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌ နေရာ ရခိုင်အမျိုးသားပါတီ ကသာ ရယူမည်

ရခိုင် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌ နေရာ ရခိုင်အမျိုးသားပါတီ ကသာ ရယူမည် မင်းအောင်ခိုင် ၊ ဖေဖော်ဝါရီ ၇ ရခိုင်အမျိုးသားပါတီအနေဖြင့် လာမည့်နိုင်ငံရေး အခင်းအကျင်းတွင် အစိုးရအဖွဲ့ ၌ ပါဝင်ခြင်း မပြု သော်လည်း ပြည်နယ်အဆင့်တွင် လွှတ်တော်ဥက္ကဌနေရာနှင့် ဒုက္ကဌနေရာများကို ရယူမည် ဖြစ်ကာ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကျင်းပမည့် ရခိုင်ပြည်နယ်လွှတ်တော်သို့ အဆိုတင်သွင်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ယင်းသို့ အဆိုတင်သွင်းရာတွင် ၄င်းပါတီ၏ ပုဏ္ဏားကျွန်းမဲဆန္ဒနယ်အမှတ် ( ၁ )မှအနိုင်ရ ပြည်နယ်အမတ် ဦးစံကျော်လှကို လွှတ်တော်ဥက္ကဌ အဖြစ် တင်သွင်းကာဒုဥက္ကဌ အဖြစ် ရသေ့တောင်မဲဆန္ဒနယ်အမတ် ( ၂ )မှ အနိုင်ရပြည်နယ် အမတ်ဦးဖိုးမင်းတို့ကို အဆိုတင်သွင်း သွားမည် ဖြစ်ကြောင်း အနိုင်ရလွှတ်တော်အမတ်များ က ဆိုသည်။ လွှတ်တော်တက်ရောက်ရန် ရောက်ရှိနေသူ ရသေ့တောင်မဲဆန္ဒနယ်အမှတ် ( ၁ )မှအနိုင်ရပြည်နယ် အမတ် ဦးသိန်းနိုင်က “ သူတို့ နှစ်ယောက်ကို မနက်ဖြန်လွှတ်တော်မှာ တင်သွင်းဖို့ ဆိုတာတော့ ဟုတ်ပါတယ်။ လွှတ်တော် ဥက္ကဌအဖြစ် ဦးစံကျော်လှနဲ့ ဒုက္ကဌ အဖြစ် ဦးဖိုးမင်းတို့ကို အဆိုတင်သွင်းပါမယ် ” ဟု ဧရာဝတီ သို့ ပြောသည်။ ရခိုင်အမျိုးသားပါတီအနေဖြင့် ရခိုင်ပြည်နယ်တွင် လွှတ်တော်ကိုယ်စားလှယ် အများဆုံး အနိုင်ရထားသော ပါတီ တစ်ခု ဖြစ်သည့် အတွက် ပြည်နယ်အစိုးရ အဖွဲ့ကို ဦးဆောင်ပြီး ဖွဲ့စည်းရန် ဆန္ဒရှိသော်လည်း မြန်မာတစ်နိုင် ငံ လုံး အတိုင်းအတာဖြင့် အများဆုံး အနိုင်ရရှိထားသည့် အမျိးသားဒီမိုကရေစီ အဖွဲ့ချုပ် ( NLD ) ပါတီမှ တစ်စုံ တရာ ဆွေးနွေးရန် ကမ်းလှမ်းမှု မပြုခဲ့သည့်အတွက် မည်သည့် အစိုးရဖွဲ့တွင် မဆို ပါဝင် လုပ်ကိုင်ခြင်းမပြုဘဲ အတိုက်အခံ ပါတီ အဖြစ် ရပ်တည်ရန် ကြေငြာချက် ၁ /၂၀၁၆ ကိုထုတ်ပြန်ခဲ့ပြီး ၄င်းကြေငြာချက်ပါ အတိုင်း ဆက်လက်ရပ်တည်ရန်ေ နာက်ထပ် ၂ / ၂၀၁၆ ကြေငြာချက် တစ်စောင်ကို ဖေဖော်ဝါရီလ ၆ ၊၇ ရက်နေ့တွင်ပြုလုပ်သော CEC အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ဖေဖော်ဝါရီလ ၇ ရက်နေ့ ရက်စွဲဖြင့် ထပ်မံ ထုတ်ပြန်လိုက်သည်။ ရခိုင်ပြည်နယ်လွှတ်တော်တွင်တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးအပါအ၀င် စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်စားလှယ် ၄၇ ရှိရာ ပြီးခဲ့သည့် နိုင်ဝင်ဘာလ ၈ ရက် နေ့ရွှေးကောက်ပွဲ ရလဒ်အရ ANP ပါတီ မှ ၂၃ ဦး ၊ NLD ပါတီမှ ၉ ဦး ၊ပြည်ခိုင်ဖြိုးပါတီမှ ၃ ဦး အသီးသီး အနိုင်ရရှိခဲ့ရာ ANP ပါတီမှမင်းပြားမြို့နယ် အမတ် တစ်ဦး ထောင်ဒဏ်ချမှတ်ခံလိုက်ရသည့်အတွက် လွှတ်တော်သို့ ANP ပါတီမှ အမတ် ၂၂ ဦးသာ တက်ရောက်နိုင်တော့ မည် ဖြစ် သည်။

No comments: