ျမစ္ဆုံ media သည္ လြတ္လပ္ေသာ မီဒီယာျဖစ္ျပီး မည္သည့္အဖြဲ႔၊ ပါတီ၊ အသင္းအဖြဲ႔၏ၾသဇာခံ လက္ေအာက္ခံမဟုတ္ပါ။ စီးပြားျဖစ္ မီဒီယာ မဟုတ္ပါ။ သတင္းမ်ားကိုအျမန္ဆုံးေပးပို႔ေနေသာ မီဒီယာတခုျဖစ္ပါသည္။
Saturday, February 13, 2016
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ မုိင္းကိုးအုပ္စု၊ ယန္းခမ္း(၂)ရြာ တြင္ က်ပ္သိန္း ၂,၅၀၀ တန္ဖိုးရွိ စိတ္ၾကြေဆးမ်ား ႏွင္႔ လက္နက္ခဲယမ္းမ်ား သိမ္းဆည္းရမိ
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ မုိင္းကိုးအုပ္စု၊ ယန္းခမ္း(၂)ရြာ တြင္ က်ပ္သိန္း ၂,၅၀၀ တန္ဖိုးရွိ စိတ္ၾကြေဆးမ်ား ႏွင္႔ လက္နက္ခဲယမ္းမ်ား သိမ္းဆည္းရမိ
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၃ ရက္ (ဆင္ဟြာ)
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ မုိင္းကိုးအုပ္စု၊ ယန္းခမ္း (၂) ရြာ ရွိဦးစိုင္းေအး ၄၆ ႏွစ္ ၏ ေနအိမ္အား တပ္မေတာ္သားမ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕က သြားေရာက္ စစ္ေဆးရာ ေနအိမ္အတြင္းမွ ဦးစိုင္းေအး၏ ဇနီး ေဒၚနန္းဝိုးႏွင့္ အတူ WY စာတန္းပါ စိတ္ၾကြ ႐ူးသြပ္ေဆးျပား တစ္သိန္း (တန္ဖိုး က်ပ္သိန္း၂,၅ဝဝ) ႏွင္႔ လက္နက္ခဲယမ္းမ်ား သိမ္းဆည္း ရမိေၾကာင္း သတင္းထုတ္ျပန္သည္။
အဆိုပါ ေနအိမ္အား ေဖေဖာ္ဝါရီလ ၁၂ ရက္ နံနက္ ၅ နာရီခန္႔တြင္ ပူးေပါင္း အဖြဲ႔မွ သြားေရာက္ စစ္ေဆးၾကေၾကာင္း သိရသည္။ က်ပ္သိန္း ၂၅၅ တန္ဖိုးရွိသည္႔ စိတ္ၾကြ႐ူးသြပ္ေဆးျပားမ်ား ႏွင္႔ အတူ ကဖင္း ၁၉ ကီလိုဂရမ္ခန္႔ (တန္ဖိုးက်ပ္ ၁၅ သိန္းေက်ာ္ခန္႔)၊ ဆူဒို အက္ဖီဒရင္းေဆးျပား ၁,ဝဝဝ (တန္ဖိုး က်ပ္တစ္သိန္းခန္႔)၊ ပြိဳင့္-၃၈ ပစၥတိုတစ္လက္၊ တူမီးေသနတ္တစ္လက္၊ ေလေသနတ္ ႏွစ္လက္၊ အမ္-၉၁ လက္ပစ္ဗံုး တစ္လံုး၊ စိတ္ၾကြ႐ူးသြပ္ေဆးျပား႐ိုက္ရာတြင္ အသံုးျပဳသည့္ WY စာတန္းပါ သံမိႈ ၁၂ ေခ်ာင္းႏွင့္ သံထည္ ငါးခု၊ ေမာ္ေတာ္ယာဥ္မ်ဳိးစံု ငါးစီး၊ ေမာ္ေတာ္ဆုိင္ကယ္ ခုနစ္စးီ တုိ႕အား သိမ္းဆည္းရမိခဲ့ေၾကာင္း သတင္းထုတ္ျပန္ခ်က္ထဲတြင္ပါရွိသည္။
၎ပိုင္ဆိုင္သည္႔ ေရာ္ဘာၿခံအား ဆက္လက္ စစ္ေဆး ရွာေဖြခဲ့ရာ ၿခံတဲအတြင္းမွ ေလေသနတ္ တစ္လက္၊ ကဖင္း ၃ ကီလိုခန္႔ (တန္ဖိုးက်ပ္ႏွစ္သိန္းေက်ာ္ခန္႔) ႏွင့္ စိတ္ၾကြ႐ူးသြပ္ေဆးျပား ထုတ္လုပ္ရာတြင္ အသံုးျပဳသည့္ အျဖဴေရာင္ အနံ႔မႈန္႔ ၂ ကီလိုခန္႔အား ထပ္မံသိမ္းဆည္း ရမိခဲ့ေၾကာင္း၊ ထြက္ေျပး တိမ္းေရွာင္လ်က္ရွိေသာ တရားခံ ဦးစိုင္းေအးအား ဖမ္းဆီးရမိေရး ဆက္လက္ ေဆာင္ရြက္လ်က္ ရွိေၾကာင္း သတင္းရရွိသည္။ (Xinhua)
------------------------------------
(Unicode Version)
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးအုပ်စု၊ ယန်းခမ်း(၂)ရွာ တွင် ကျပ်သိန်း ၂,၅၀၀ တန်ဖိုးရှိ စိတ်ကြွဆေးများ နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးအုပ်စု၊ ယန်းခမ်း (၂) ရွာ ရှိဦးစိုင်းအေး ၄၆ နှစ် ၏ နေအိမ်အား တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးရာ နေအိမ်အတွင်းမှ ဦးစိုင်းအေး၏ ဇနီး ဒေါ်နန်းဝိုးနှင့် အတူ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား တစ်သိန်း (တန်ဖိုး ကျပ်သိန်း၂,၅ဝဝ) နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိကြောင်း သတင်းထုတ်ပြန်သည်။
အဆိုပါ နေအိမ်အား ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၅ နာရီခန့်တွင် ပူးပေါင်း အဖွဲ့မှ သွားရောက် စစ်ဆေးကြကြောင်း သိရသည်။ ကျပ်သိန်း ၂၅၅ တန်ဖိုးရှိသည့် စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် အတူ ကဖင်း ၁၉ ကီလိုဂရမ်ခန့် (တန်ဖိုးကျပ် ၁၅ သိန်းကျော်ခန့်)၊ ဆူဒို အက်ဖီဒရင်းဆေးပြား ၁,ဝဝဝ (တန်ဖိုး ကျပ်တစ်သိန်းခန့်)၊ ပွိုင့်-၃၈ ပစ္စတိုတစ်လက်၊ တူမီးသေနတ်တစ်လက်၊ လေသေနတ် နှစ်လက်၊ အမ်-၉၁ လက်ပစ်ဗုံး တစ်လုံး၊ စိတ်ကြွရူးသွပ်ဆေးပြားရိုက်ရာတွင် အသုံးပြုသည့် WY စာတန်းပါ သံမှို ၁၂ ချောင်းနှင့် သံထည် ငါးခု၊ မော်တော်ယာဉ်မျိုးစုံ ငါးစီး၊ မော်တော်ဆိုင်ကယ် ခုနစ်စးီ တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။
၎င်းပိုင်ဆိုင်သည့် ရော်ဘာခြံအား ဆက်လက် စစ်ဆေး ရှာဖွေခဲ့ရာ ခြံတဲအတွင်းမှ လေသေနတ် တစ်လက်၊ ကဖင်း ၃ ကီလိုခန့် (တန်ဖိုးကျပ်နှစ်သိန်းကျော်ခန့်) နှင့် စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသည့် အဖြူရောင် အနံ့မှုန့် ၂ ကီလိုခန့်အား ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း၊ ထွက်ပြေး တိမ်းရှောင်လျက်ရှိသော တရားခံ ဦးစိုင်းအေးအား ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ (Xinhua)
ပံုစာ-- ဖမ္းဆီးရမိေသာ မူးယစ္ေဆးဝါးမ်ား ႏွင့္ လက္နက္မ်ားကို ဦးစိုင္းေအး၏ ဇနီးေဒၚနန္းဝိုးႏွင့္ အတူူေတြ႔ရစဥ္ (ဓာတ္ပံု- ျမဝတီ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment