စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်း၌ အလှူပွဲများ ကျင်းပရာတွင် အကဆန်းများဖြင့် စည်ကားစွာ ကျင်းပ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
မုံရွာ ဖေဖော်ဝါရီ ၉
စစ်ကိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်း၌ အလှူပွဲများကျင်းပရာတွင် လူရိုင်း အကများအား ကြိုက်နှစ်သက်ကြသဖြင့် ယင်းအကများဖြင့် စည်ကားသိုက် မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အညာဒေသတွင် အလှူပွဲများကျင်းပရာ၌ ရိုးရားဓလေ့အက များဖြင့်ဖျော်ဖြေလေ့ရှိကြပြီး ယခုအခါ ခေတ်အကြိုက် လူရိုင်းအက များဖြင့် ဖျော်ဖြေမှုအား ကြိုက်နှစ်သက်လာ၍ ယင်းအကများဖြင့် ကျင်းပလျက် ရှိကြောင်း သိရသည်။
"ကျွန်တော်တို့အညာဒေသက ပြာသို၊ တပို့တွဲ၊ တပေါင်းလများရောက်ရင် သားရတနာ၊ သမီးရတနာတွေကို ရှစ်ပါးပရိက္ခရာစုံလင်စွာနဲ့ မြတ်ဗုဒ္ဓ သာသနာအတွင်း ရှင်သာမဏေအဖြစ် သွတ်သွင်းချီးမြှင့်ကြတယ် ။ ရှေးအစဉ်အလာမပျက် အလှူပွဲများကျင်းပခဲ့တာလည်း အခုအချိန်ထိပဲ စဉ်ဆက်မပြတ်ခဲ့ပါဘူး။ ဒါပေမယ့် အခုလူရိုင်းအကဟာ ကြည့်ကောင်းတယ် ။ အထူးအဆန်းလည်းဖြစ်တော့ အခုအလှူပွဲဟာ အခြား အလှူများထက် စည်ကားတော့ ပျော်စရာကောင်းပါတယ်" ဟု ရှင်လောင်းလှည့်ပွဲသို့ လာကြည့်ရှုသူ တစ်ယောက်က ပြောပြသည်။
"အခုလို အလှူပွဲဟာ ကထိန်အောင်ပွဲကို အလှူနဲ့တွဲလုပ်တော့ ပိုမို စည်ကား ပါတယ်။ အခုလည်း ရိုးရာကိုမဖျက်ဘဲ မောင်ရှင်လောင်းများကို ဝေါများ ၊ မြင်းများနဲ့လည်း စည်ကားစွာလှည့်လည်ပါတယ်။ ဒါပေမယ့် အခုလို တောဓလေ့ ရိုးရာလူရိုင်းအကများနဲ့လှည့်လည်တော့ အလှူဒါယကာနှင့် အလှူဒါယိကာမတို့လည်း ပျော်ရွှင်နေတာတွေ့ရပါတယ်" ဟု လူရိုင်းအကဖြင့်ဖျော်ဖြေသူတစ်ဦးက ပြောသည်။
မင်းမင်း (ပြန်/ဆက်)
No comments:
Post a Comment