ကေအိုင်အေတပ်ဖွဲ့ဝင်များ စိတ်ဓါတ်ကျဆင်းလျှက်ရှိနေ
====================================
ကေအိုင်အေ၏ ခွင့်ပြုချက်ဖြင့် တရားဝင် သစ်ခိုးထုတ်နေသော အဖွဲ့များကို တပ်မတော်မှ ဖမ်းဆီးနေမှုကြောင့် ကေအိုင်အေ တပ်ဖွဲ့များ ယခင်ကလို ရိက္ခာလုံလောက်စွာ မပေးနိုင်ဖြစ်ကာ တပ်ဖွဲ့အတွင်း စည်းလုံးမှုပျက်ပြားပြီး မိမိတို့နေအိမ်များသို့ ပြန်ချင်သူများ ရှိနေကြောင်း ကြားသိရပါသည်။
တပ်မတော်နှင့် ရင်ဆိုင်နေရသော ကေအိုင်အေတပ်ရင်းများ၊ ရာသီဥတုဆိုးဝါးသော ဒေသများ/ကျေးရွာများနှင့် ဝေးလံခေါင်းပါးသော ဒေသများတွင် တာဝန်ထမ်းဆောင်နေကြသော ကေအိုင်အေ တပ်ရင်းများသို့ စားနပ်ရိက္ခာများ ပုံမှန်လာရောက် မပို့နိုင်တော့ကြောင်း၊ ကျေးရွာများရှိသည့် နေရာများအထိ သွားရောက်ပြီး ဒေသခံများ၏ စိုက်ခင်းများနှင့် တောင်ယာများအတွင်း မိမိတို့အစီအစဉ်ဖြင့် ရှာဖွေစားသောက်နေကြရကြောင်း ဒေသခံများထံမှ သိရှိရပါသည်။
၎င်းတို့နယ်မြေအတွင်းရှိ တရုတ်စီးပွားရေး လုပ်ငန်းရှင်များထံမှလည်း တရုတ်နိုင်ငံ အတွင်းရှိ ကေအိုင်အေခေါင်းဆောင်ပိုင်းများ၏ ခွင့်ပြုချက်ဖြင့် လာရောက်လုပ်ကိုင် နေသောကြောင့် ဘာထောက်ပံ့မှုမှ မရရှိဘူးလို့ တရုတ်လုပ်ငန်းရှင်များထံတွင် သွားရောက် လုပ်ကိုင်နေသူများထံမှ ကြားသိရပါသည်။
By Voice Of Kachin
No comments:
Post a Comment