Tuesday, February 9, 2016

ရန်ကုန်လေဆိပ်တိုးချဲ့ဆောင်သစ်ကို မတ်လမှာ စတင် အသုံးပြုသွားမည် =======================

ရန်ကုန်လေဆိပ်တိုးချဲ့ဆောင်သစ်ကို မတ်လမှာ စတင် အသုံးပြုသွားမည်
=======================

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသည် ၉၀%ပြီးစီးနေပြီဖြစ်ပြီး ခရီးသည်တွေ ၀င်ထွက် သွားလာနိုင်ဖို့အတွက် ၂၀၁၆ခုနှစ် မတ်လ ပထမပတ်မှာ စတင်ဖွင့်လှစ်အသုံးပြုသွားမှာ ဖြစ်ပါသည်။

အသစ်ထပ်မံတိုးချဲ့ တည်ဆောက်လိုက်သည့်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မြန်မာနိုင်ငံ
ရင်းနှီးမြှပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့်  ၂၀၁၄ ခုနှစ် သြဂုတ်လမှာ စတင်တည်ဆောက်ခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့ ဖက်စပ်လုပ်ကိုင်မှုဖြင့်
အမေရိကန်ဒေါ်လာသန်း(၆၆၀)ရင်းနှီးမြှပ်နှံလုပ်ကိုင်ခဲ့တယ်လို့ သိရသည်။
              
အသစ်တိုးချဲ့တည်ဆောက်လိုက်သည့်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မြေညီထပ်နှင့်ပထမထပ်ကို မတ်လ ပထမပတ်မှာစတင်အသုံးပြုသွားမှာ ဖြစ်ပါသည်။ မြေညီထပ်မှာ ပြည်ပထွက်ခွာခရီးသည်တွေအတွက် အသုံးပြုသွားမှာ ဖြစ်ပြီး ပထမထပ်ကိုတော့ပြည်ပ ဆိုက်ရောက် ခရီးသည်တွေအတွက် အသုံးပြုသွားမှာ ဖြစ်ပါသည်။

ဒုတိယထပ်နှင့် တတိယထပ်ကို အများပြည်သူ အသုံးပြုနိုင်မယ့် ဈေးဝယ်စင်တာ ဖွင့်လှစ်သွားမှာဖြစ်ပြီး အဆိုပါအထပ်တွေကို တက်ရောက်နိုင်ဖို့ကားပါကင် နေရာကနေ လူကူးဆက်သွယ် တံတားကို ထည့်သွင်းတည်ဆောက်ထားသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တစ်နှစ်လျှင် ပြည်ပခရီးသည်ဦးရေ(၆)သန်း ၀င်ထွက်သွားလာမှု အစား ခရီးသည်ဦးရေ သန်း(၂၀) အထိလက်ခံအသုံးပြုနိုင်ဖို့
တိုးချဲ့တည်ဆောက်ထားတယ်လို့ သိရသည်။

သတင်းထောက် - စန်းစန်းဝေ

No comments: