Wednesday, February 17, 2016

အစိုးရကျောင်းများတွင် မူလတန်းပြဆရာတစ်သိန်းကျော် တိုးချဲ့ခန့်ရန်စီစဉ်

အစိုးရကျောင်းများတွင် မူလတန်းပြဆရာတစ်သိန်းကျော် တိုးချဲ့ခန့်ရန်စီစဉ် Wednesday, February 17, 2016 အခြေခံပညာမူလတန်းကျောင်းများတွင် ဖွဲ့စည်း ပုံပြောင်းလဲမည်ဖြစ်ပြီး မူလတန်းပြဆရာ တစ်သိန်းနှစ် သောင်းကျော် ထပ်မံတိုးချဲ့ခန့်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး (၄/၂၀၁၆) ၏ သဘောတူညီချက်အရ ပညာရေးဝန်ကြီးဌာန၊ အခြေခံ ပညာဦးစီးဌာနလက်အောက်ရှိ မူလတန်းကျောင်းတစ် ကျောင်းလျှင် မူလတန်းကျောင်းအုပ်တစ်ဦး၊ မူလတန်းပြ ဆရာခြောက်ဦးနှင့် အထွေထွေလုပ်သားတစ်ဦးတို့ဖြင့် ပြင် ဆင်ဖွဲ့စည်းရန် ပညာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၉ ရက် စွဲဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်ကြေညာခဲ့သည်။ ‘‘အရင်က မူလတန်းကျောင်းတစ်ကျောင်းကို ဆရာ ငါးယောက်နှုန်း ချပေးတယ်။ အခု KG+12 စသင်မှာ ဆိုတော့ မူလတန်းကျောင်းမှာ သူငယ်တန်းက တစ်တန်း၊ မူလတန်းက ငါးတန်းဖြစ်သွားမယ်။ အဲဒါကြောင့် မူလ တန်းပြဆရာမကို ခြောက်ဦးအထိ တိုးခန့်ဖို့ စီစဉ်တာပါ။ အသေးစိတ်အစီအစဉ်တော့ မသိရသေးဘူး’’ဟု ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြော သည်။ ထို့ကြောင့် အခြေခံပညာဦးစီးဌာန လက်အောက်ရှိ မူလတန်းကျောင်း လေးသောင်း သုံးထောင်ကျော်တွင် မူလတန်းပြဆရာ တစ်သိန်းသုံးသောင်းကျော်ဖြင့် ဖွဲ့စည်းထားရာမှ ယခုအခါ မူလတန်းပြဆရာ တစ်သိန်းနှစ်သောင်းတိုး၍ ခန့်ထားမည်ဖြစ်ပြီး စုစုပေါင်း မူလတန်းပြ ဆရာ နှစ်သိန်းခြောက်သောင်းကျော်ကို တိုးချဲ့ဖွဲ့စည်းမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။ ‘‘တိုးချဲ့ခန့်မယ့် မူလတန်းပြ ဆရာ တစ်သိန်းကျော်ကို ဘယ်လိုပုံစံမျိုးနဲ့ ခန့်မှာလဲ။ ပညာရေး ကောလိပ်တွေကလည်း မူလတန်း ပြဆရာကို ဘယ်လောက်အထိ မွေးထုတ်ပေးနိုင်မလဲဆိုတာ အသေးစိတ်မသိရသေးဘူး’’ ဟု အခြေခံပညာဦးစီးဌာနမှ ဦးစီးအရာရှိတစ်ဦးက ပြောသည်။ ပညာရေးဝန်ကြီးဌာနသည် လာမည့် ၂၀၁၆-၁၇ ပညာသင် နှစ်မှ စတင်၍ သူငယ်တန်း အ ပေါင်း ၁၂ တန်း (KG+12) ပညာရေးစနစ်ကို ပြောင်းလဲသင်ကြား မည်ဖြစ်ပြီး သူငယ်တန်း (KG)အား သင်ရိုးညွှန်းတမ်းအသစ်ဖြင့် စတင်ပြောင်းလဲ သင်ကြားမည် ဖြစ်သည်။ ‘‘ဖွဲ့စည်းပုံ ပြောင်းလဲသွားမယ်ဆိုတာ ကောင်းတယ်။ ကျောင်းမှာ မူလတန်းပြဆရာ များများရောက်လာတော့ ကလေးတွေအတွက် ပိုပြီးတော့ ဖိဖိစီးစီးသင် နိုင်တယ်။ အခုက တချို့ကျောင်း တွေမှာ မူပြတွေ ပုံနေပြီးတော့ တချို့ကျောင်းတွေမှာ ဆရာ မလုံလောက်တာမျိုး ဖြစ်တာကိုပါ ဆောင်ရွက်ပေးရင် ကောင်းမယ်’’ ဟု ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ မူလတန်းကျောင်းအုပ်ဆရာမ ကြီးတစ်ဦးက ပြောသည်။ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနလက် အောက်ရှိ အခြေခံပညာ ကျောင်းများတွင် ၂၀၁၄-၁၅ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ ၈ ဒသမ ၇ သန်းကျော်အား ဆရာ၊ ဆရာမ စုစုပေါင်း သုံးသိန်းလေးသောင်းကျော်ဖြင့် သင်ကြားပေးလျက်ရှိကြောင်း အဆိုပါဌာန၏ စာရင်းများအရ သိရသည်။ 7Day Daily

No comments: