NLD မဲထည့်မယ့် ဆိုသူတွေက ဒေါ်စုသမ္မတမဖြစ်နိုင်ဘူးဆိုတာကို သိကြပုံ မပေါ်ပါဘူး။ ပါတီကလူတွေကတော့ သိပါတယ်။ သိသော်လည်း နယ်လ်ဆင်မင်ဒဲလားလိုများ (ထောင်ကလွတ်သမ္မတဖြစ်) ဆိုတဲ့ အသက် ၇၀ အရွယ် အဖွားအိုတစ်ဦးရဲ့ သမ္မတဖြစ်ချင်လွန်းလှသည့်စိတ်နှင့် ဇောသန်သန် လုပ်နေမှုတွေကို ပံ့ပိုးပေးနေကြတာပါ။
Many voters interviewed weren’t aware she was barred from becoming president. But her party knows the constitution blocks what supporters have long sought for the 70-year-old Nobel peace laureate, a jubilant replay of Nelson Mandela’s postapartheid victory in South Africa.
ဒေါ်စုအနီးကပ်လူတွေဆိုတာက အစိုးရက အမေစု အကျယ်ချုပ်ကအလွတ် ၂၀၁၀ မှာ သူတို့နှင့်ပူးပေါင်းပြီး ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ် တဲ့။ ဒီလိုဖိတ်ခေါ်ခဲ့တာတောင်မှ အမေစုအတွက် ၅၉ (စ) ကျတော့ ပြင်မပေးပါဘူးတဲ့။
People close to Ms. Suu Kyi say they believe the government persuaded her to go along with their reforms, after her 2010 release from house arrest, to legitimize them without intending to let her be more than one among 664 parliamentarians.
ဒေါ်စုက ခုထိလည်း နိုင်ငံခြားအရာရှိပိုင်းဆိုင်ရာကို အစိုးရနှင့် တင်းတင်းမာမာ ဆက်ဆံဖို့ တကျီကျီ ပြောနေတုန်း ဆိုပါတယ်။ မြန်မာပြည်က သံတမန်များအသိုင်းအဝန်းမှာတော့ အစိုးရတစ်ဖက်၊ ဒေါ်စုကတစ်ဖက်နှင့် ဒေါ်စုနှင့်အလုပ်တွဲလုပ်ရဖို့ရာ ရွံကြောက်ကြီးဖြစ်နေကြတယ် ဆိုပါတယ်။ အစိုးရရဲ့ နိုင်ငံတိုးတက်ရေးလုပ်ငန်းတွေမှာ ပြည်ပက ပါပြီဆိုရင် သူတို့ကို ဒေါ်စုက ဆူပြန်ပြီပါပဲလို့ သံတမန်တွေက ဆိုကြပါတယ်။
As Ms. Suu Kyi continues to urge foreign officials take a tough stance with the government, there is a growing sense in Myanmar’s diplomatic community that she has complicated their work, which requires relations with government and opposition. She has chided some foreign officials for embarking on development programs with the government, some diplomats in the country say.
အစိုးရဘက်ကို အားမရလို့ ဒေါ်စုနဲ့ တွဲချင်ပေမယ့် ဒေါ်စုနဲ့အလုပ်လုပ်ရတာ မစွံဘူးလို့ အမေရိကန်အစိုးရက ပြောတယ်ဆိုပါတယ်။ အရင်ကတော့ မြန်မာနှင့်ဆက်ဆံရေးက ဒေါ်စုပေါ်မူတည်ပြီး ချမှတ်တာမှန်တယ်။ အခုတော့ ဒေါ်စုကို ထည့်မတွက်တော့ဘူးလို့ ဝါရှင်တန်အစိုးရက ဆိုပါတယ်။
But some in Washington say they find her difficult to work with, although the U.S. has also been frustrated at times with leaders in Naypyitaw, the capital. While Ms. Suu Kyi once was the main determining factor in American policy toward Myanmar, they say, that should no longer be the case.
ဒေါ်စုကို စိတ်ပျက်ကြတဲ့အထဲ သူတို့ထောက်ပြကြတာက ဂျွန်ကယ်ရီ ဒေါ်စုဆီလာတွေ့တဲ့ ကိစ္စပါ။ ၂၀၁၄ သြဂုတ်တုန်းက ကယ်ရီက ဒေါ်စုအိမ်ရောက်တာ နောက်ကျသွားပါတယ် တဲ့။ ဒါကို စိတ်ကောက်ပြီး ဒေါ်စုက "ကျမ သွားအိပ်တော့မယ် မဆွေးနွေးဘူး" လုပ်ပါသတဲ့။ ဒေါ်စုကတော့ သူမှားသွားပါတယ်လို့ နောက်ပိုင်းမှာပြောကြောင်း ဒေါ်စုဘက်က ဖာကြတာတော့လည်း ရှိပါတယ်။ ဒါပေမယ့် တွေ့ဆုံမှုကိုတော့ တက်သုတ်ရိုက်ပြီး တွေ့တယ်ဆိုရုံပဲ လုပ်လိုက်ရပါတယ်။
They cite episodes like one in August 2014, when she threatened to go to bed without seeing Secretary of State John Kerry because he was arriving late to her Yangon lakeside villa. She relented, say people familiar with the meeting, but cut the meeting short.
ဒီကိစ္စပြီးကတည်းက ဝါရှင်တန်ကတော့ "ဒေါ်စုဆို လက်လန်တယ်" ဖြစ်သွားတယ်လို့ အမေရိကန်သံတမန်တစ်ဦးက ဆိုပါတယ်။
Afterward, one U.S. diplomat said: “D.C. is over Suu Kyi.”
http://www.wsj.com/articles/if-suu-kyi-wins-myanmar-victory-can-she-lead-1446775509
No comments:
Post a Comment