Sunday, October 18, 2015

အမှားနဲ့ အမှန်၊ အမှောင်နဲ့ အလင်း KIA လုပ်ရပ်တွေကို ဒေသခံတွေ မြင်နေကြပြီ ==========

အမှားနဲ့ အမှန်၊ အမှောင်နဲ့ အလင်း KIA လုပ်ရပ်တွေကို ဒေသခံတွေ မြင်နေကြပြီ
=======================================
16, October, 2015 By Voice Of Kachin

တရုတ်နိုင်ငံရှိ ကချင်အရေးတက်ကြွလှုပ်ရှားသူ ဇောင်းခေါင်ဆိုသူက ကချင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော စစ်ပွဲများနှင့်ပက်သက်၍ KIA လက်နက်ကိုင် ခေါင်းဆောင်များထက် ကချင်လူထုက စစ်ရဲ့ဒဏ်ကို ပိုပြီးခံစားရကြောင်း တရုတ်နိုင်ငံရှိ ဆွေးနွေးပွဲတစ်ခုမှာ တက်ရောက် ဆွေးနွေး ခဲ့ပါသည်။

ကချင်ပြည်နယ်အတွင်း နှစ်ပေါင်းများစွာ ကြာမြင့်နေသော ပဋိပက္ခများကြောင့် ကချင်လူထု သန်းနှင့်ချီပြီး မြေဇာပင်ဖြစ်နေရကြောင်း၊ ကချင်လူငယ်များ၏ အနာဂတ် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အစစအရာရာ အားလုံးနောက်ကျနေကြောင်း၊ စီးပွားရေးတွေ ကျဆင်းလျှက် ရှိကာ ခတ်ခဲပင်ပန်းစွာဖြင့် ဘ၀ကို ဖြတ်သန်းနေကြရသည်ဟု ဆိုသည်။

ကချင်ပြည်နယ်အတွင်း တောရောမြို့ပါမကျန်၊ KIA မှ ပရမ်းပတာ မိုင်းသုံးစွဲမှုကြောင့် ရာနှင့်ချီသောဒေသခံများ မိုင်းဒဏ်ကို ခံစားရလျှက်ရှိကြောင်း၊ သွားရေးလာရေး ခတ်ခဲ၍ ကုန်စည် ကူးသန်းရောင်းဝယ်ရေး မလုပ်နိုင်ခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကောက်ကျနေကြောင်း၊ အကြောင်းမှာ နယ်မြေမတည်ငြိမ်မှုကြောင့်ပင်ဖြစ်သည်ဟု ဆိုထားသည်။

နယ်မြေမတည်ငြိမ်မှု၏ ဆိုးကျိုးများကို ယခု ကချင်မျိုးဆက်များ ခံစားနေကြရပြီး နောင် လာမယ့် မျိုးဆက်သစ်ကချင်လူငယ်များကို စာနာထောက်ထား ငဲ့ညှာသောအားဖြင့် ယခု ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျှက်ရှိသော တိုက်ပွဲများကို အမြန်ဆုံးရပ်တန့်ကာ ငြိမ်းချမ်းရေး ယူကြပါစို့ဟု ပြောဆိုဆွေးနွေးသွားခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတော် သမ္မတကြီးမှလည်း အပစ်အခတ်ရပ်ဆဲပြီး နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ကာ အဖြေရှာဖို့ ကတိပေး ဖိတ်ခေါ်ထားပြီးဖြစ်ကြောင်း၊ KIA လက်ရှိ ခေါင်းဆောင်များမှာ အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို အကြောင်းပြကာ ကချင်ပြည်သူလူထုခေါင်းကို ချနင်း လျှက် အာဏာနှင့် စီးပွားဥစ္စာတို့ကို မက်မောနေခြင်းကြောင့်သာ ဖြစ်ကြောင်း၊ ဒေသခံ ကချင် ပြည်သူများမှာ မတည်ငြိမ်မှု၏ ပြဿနာ၊ အမှားနဲ့ အမှန်၊ အမှောင်နဲ့ အလင်း ကွက်ကွက်ကွင်းကွင်း တွေ့မြင်နေပြီ ဖြစ်ပါကြောင်း KIA ခေါင်းဆောင်များကို အသိပေးလိုက်ပါသည်။

မောင်စနေ

No comments: