Sunday, April 20, 2014

အတွက်မမှားကြဖို့ လိုတယ် လက်ရှိစစ်အစိုးရတပိုင်း သိန်းစိန်အစိုးရဟာ ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် လုပ်ချင်တယ်ဆိုရင် ကောင်းကောင်းလုပ်နိုင်ပါတယ်။ NLD အကူအညီကို ရယူစရာမလိုပါဘူး။ လွှတ်တော်မှာ သူတို့က လူများစုပါ။ စစ်တပ်ကလည်း လွှတ်တော်၊ အရပ်သားအစိုးရ၊ တရားစီရင်ရေးဌာန အားလုံးကို ချုပ်ကိုင်ထားတုန်းပါ။ သူတို့ မဖြစ်စေချင်တဲ့ကိစ္စ ဖြစ်ခွင့်မရှိသလို သူတို့ဖြစ်စေချင်ရင်လည်း ဘယ်သူကမှ တားလို့ မရပါဘူး။ ၂၀၁၀-ခုနှစ်၊ အထွေထွေရွေးကောက်ပွဲမှာ ၂၀၀၈-ခုဥပဒေကို အသိအမှတ်ပြုပြီး ရွေးကောက်ပွဲဝင်သွားတဲ့ တိုင်းရင်းသားပါတီတွေ လူမျိုးအလိုက် ရှိနေခဲ့ပြီဖြစ်တယ်။ စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ကို ထူထောင်ချင်သပဆိုရင် အခု ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ရနေလောက်ပါပြီ။ ဒါကြောင့် နောက်ထပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက အပစ်ရပ်ပြီး လွှတ်တော်နိုင်ငံရေးထဲ ဝင်ပါခဲ့ရင်လည်း ပါတီတွေပဲ တိုးလာပြီး မဲဆန္ဒနယ်တွေကတော့ တိုးလာမှာ မဟုတ်ဘူး။ ဒါကို စစ်တပ်ကလည်း တွက်ထားပြီသားပါ။ လက်နက်မကိုင်ဘဲ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လွှတ်တော်မှာ တိုက်ပွဲဝင်ရင် အများကြီး မှားသွားပါလိမ့်မယ်။ အမှန်တကယ်မှာလည်း အပစ်ရပ်ဖို့ မလိုအပ်ဘူး။ လွှတ်တော်မှာ တိုက်ပွဲဝင်ဖို့ မလိုအပ်ဘူး။ ကိုယ်ပိုင်ပြဌာန်းခွင့် ပေးမပေး လွှတ်တော်မှာ တောင်းဆိုရမှာ မဟုတ်ဘူး။ လွှတ်တော်ပြင်ပမှာ တောင်းဆိုရမှာ ဖြစ်တယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပေးပြီးမှပဲ လွှတ်တော်မှာ ပြည်ထောင်စုအာဏာခွဲဝေရေးနဲ့ ပတ်သက်ပြီး ဥပဒေပြုရမှာ ဖြစ်တယ်။ အစိုးရအနေနဲ့ လက်ရှိလွှတ်တော်ကနေ ... ၁။ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝ ရှိတဲ့ ပြည်နယ်များနဲ့ ပြည်ထောင်စုကို ပြင်ဆင်ဖွဲ့စည်းမှာ ဖြစ်ကြောင်း ဥပဒေတစ်ခု မပြုခဲ့ရင်၊ ၂။ ပြည်နယ်များမှာ ပြည်နယ်စောင့်တပ်မတော်များကို ထားရှိပြီး ပြည်ထောင်စုတပ်မတော်တစ်ရပ် ထားရှိမှာ ဖြစ်ကြောင်း ဥပဒေတစ်ခု မတင်သွင်းခဲ့ရင် လူများစုဆုံးဖြတ်ချက်အတိုငး လူနည်းစုတို့က နားခံရမှာ သေချာတယ်။ ဒါဟာ တန်းတူရေးလမ်းစဉ်ကနေ သွေဖည်သွားပြီဖြစ်တယ်။ ဒါကြောင့် အတွက်မမှားကြဖို့ လိုပါတယ်။ MPC ကို ယုံကြည်ဖို့ မလိုသလို အားနာဖို့လည်း မလိုပါ။ အရှင်ရာဝိက ကျောင်းထိုင်ဆရာတော် မွန်ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း အမေရိကန်ပြည်ထောင်စု

No comments: