Thursday, April 3, 2014

ပထမပြောတော့ ဒီလူတွေဟာ အခွင့်အရေးအတွက် တမင်သက်သက် မြေနေရာ ကျူးကျော် ဝင်ရောက်ပြီး ယူနေသူတွေ ဖြစ်တယ် .. ဆိုပြီး စွပ်စွဲတယ်။ ဟိုက နေစရာ မရှိလို့ ဆိုတာကို အကျင့်မကောင်းတဲ့ လူတွေပုံစံနဲ့ ပြည်သူကို သိက္ခာချဖို့ ကြိုးစားတယ်။ (သူတို့ အကျင့်၊ သူတို့ စိတ်ဓါတ်နဲ့ လူတွေကို နှိုင်းနေပုံရတယ်။) နောက်ဆုံး DKBA က နယ်စွန်နယ်ဖျား ခေါ်သွားရင်တောင် နေဖို့အတွက် လိုက်ကြတော့ ဒါဟာ အခွင့်အရေးအတွက် မဟုတ်ဘဲ တကယ့်ကို နေစရာ မရှိဘူးဆိုတာ ထင်ရှားစေတော့တယ် ... ။ အခုလည်း အဲဒီလူတွေကို လမ်းမမှာ တားထားပြန်တယ်။ ပြည်သူတွေမှာ ဒုက္ခတွေ မျိုးစုံနဲ့။ မြန်မာနိုင်ငံသားတွေဟာ မြန်မာနိုင်ငံထဲ လွတ်လပ်စွာ သွားလာနေထိုင် လုပ်ကိုင် စားသောက်ခွင့် ရှိတယ်။ ဒါကို တားမြစ်တာဟာ နိုင်ငံသား အခွင့်အရေးကို ချိုးဖေါက်နေတာ ဖြစ်တယ်။ (ဆက်သွားနေလား၊ တားမြစ်ခံနေရစဲလား ... နောက်ဆုံးသတင်းတော့ မသိရသေး။) မြန်မာနိုင်ငံ အဲဒီလောက် အကျယ်ကြီးမှာ အိမ်ခြေ ၁၀၀ ကျော်လောက် အတွက် မြေနေရာနဲ့ လုပ်ကိုင်စားသောက်နိုင်တဲ့ အခွင့်အလမ်းတွေကိုမှ မဖေါ်ပေးနိုင်တဲ့ အစိုးရ ... "ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်အောင် ဆောင်ရွက်မယ်" .. တို့ "ဆင်းရဲသား ပပျောက်ရေး လုပ်ပေးမယ်" ... တို့ ... တကယ့် "ဟာသ" ကောင်တွေပဲ။ အစိုးရ လုပ်ပြီးေ-ာက်သုံးမကျချက်က ကမ်းကုန်ပဲ။ (ကိုထိုက်)

No comments: