Wednesday, April 2, 2014

" သမ္မတဦးသိန်းစိန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရာထူး ဝင်ရောက်ယှဉ်ပြိုင်မည် " =============== News : AB နယူးယော့၊ဧပြီ ၁ __ ၂၀၁၆ခုနှစ်တွင် အနားယူမည့် ယခုလက်ရှိကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း နေရာ၌ ဂျူးဘားခေါင်းဆောင် ရာဟုကပ်စထရို ၊မြောက်ကိုရီးယား ခေါင်းဆောင် မစ္စတာ ကင်၊ ဗင်နီဇွဲလားခေါင်းဆောင် မာဒူးလောနှင့် အီရန်ဘာသာရေးခေါင်းဆောင် မစ္စတာ ခါမေနီတို့နှင့်အတူ ၂၀၁၅ခုနှစ်တွင် သမ္မတတာဝန်မှ အနားယူမည့်၊ မြန်မာသမ္မတ မစ္စတာ သိန်းစိန်သည် အတွင်းရေးမှူးချုပ်ရာထူးကို ဝင်ရောက် ယှဉ်ပြိုင်မည်ဟု သိရသည်။ မစ္စတာစိန်ကို ဗီတိုအာဏာရှိသော တရုတ်၊ ရုရှားမှ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနများမှ နိုင်ငံခြားရေးဝန်ကြီးတို့ကလည်း ကြိုဆိုကြောင်း သိရသည်။ မစ္စတာစိန်သည် သမ္မတသက်တန်းတလျှောက်၌ ဆင်းရဲမွဲတေမှု ပပျောက်စေခြင်း၊ လယ်ယာမြေများအား အကျိုးရှိစွာအသုံးချခြင်းနှင့် လူတော်လူကောင်းများအား အစိုးရအဖွဲ့ဝင်အဖြစ်ခန့်အပ်ခြင်း၊ အလုပ်လက်မဲ့ပြဿနာအား နိုင်ငံခြားအလုပ်အကိုင် ရှာဖွေပေးခြင်း၊ ဘာသာမတူသော နေအိမ်များအား ပပျောက်စေခြင်း ၊ဈေးများ အသစ်ပြန်လည်တည်ဆောက်စေခြင်း စသည်တို့ကို စွမ်းစွမ်းတမံ အကောင်အထည်ဖော်ခဲ့သည်။ကမ္ဘာ့ခေါင်းဆောင်များအလယ်၌ အထူးရေပန်းစား၊အလေးပေးခံရသူလည်း ဖြစ်သည်။ AB © ROLAND ZHENG Roland Zhang

No comments: