Wednesday, April 2, 2014

ဗုဒ္ဓ၏ အဆုံးအမတရားတော်များ (၁၆၅) ဆရာကောင်းထံ နည်းခံကျင့်ကြံပါ *********************************************** မင်းနန်း (မော်ကျွန်း) မြတ်စွာ၏ လက်ယာရံအဂ္ဂသာဝကကြီးဖြစ် သော ရှင်သာရိပုတ္တရာသည် မိမိအား တရား ဦး ဟောခဲ့သော ရှင်အဿဇိမထေရ်ကို အလွန်ရိုသေ မြတ်နိုး၏။ ရှင်အဿဇိနှင့်တစ်ကျောင်းတည်းနေသည့် အခါ ရှင်အဿဇိထံ နေ့စဉ်မပြတ်ဆည်းကပ်၏။ တစ် ကျောင်းစီနေသည့်အခါတွင်မူ ရှင်အဿဇိနေထိုင်ရာ အရပ်သို့ လက်အုပ်မိုး၍ ရှိခိုးပူဇော်လေ့ရှိ၏။ ဤသို့ ရှင်သာရိပုတ္တရာက အရပ်မျက်နှာတစ်ခုခုသို့လှည့်၍ ရှိခိုးသည်ကို တချို့သောရဟန်းများမြင်လျှင်... ''ရှင်သာရိပုတ္တရာသည် ယနေ့တိုင်အောင် ပင် ပုဏ္ဏားတို့၏အယူကိုမစွန့်နိုင်သေးပါတကား''ဟူ၍ ဝေဖန်ပြောဆိုကြသည်။ ထိုစကားကို ဗုဒ္ဓမြတ်စွာကြား သိတော်မူလျှင်- ''ရဟန်းတို့၊ သာရိပုတ္တရာသည် ပုဏ္ဏားတို့ ၏အယူဖြင့် အရပ်မျက်နှာကို ရှိခိုးသည်မဟုတ်။ မိမိ ဆရာကို ရှိခိုးခြင်းသာဖြစ်သည်''ဟု ရှင်းလင်းမိန့်ကြား တော်မူပြီး မိမိအားတရားလမ်းမှန်ကိုဟောကြားညွှန်ပြ သည့်ပုဂ္ဂိုလ်အား အမြဲမပြတ်ရှိခိုးပူဇော်သင့်ကြောင်း သိ စေရန်၊ ဤနာဝါသုတ်ကိုဟောကြားတော်မူသည်။ ''နတ်တို့သည် သိကြားမင်းအား ပူဇော်သကဲ့ သို့ မိမိအား တရားထူးကိုဟောကြားညွှန်ပြသည့်ပုဂ္ဂိုလ် အား ပူဇော်သင့်၏။ ယင်းသို့ပူဇော်ခြင်းခံရသောဆရာ သည် မိမိအားပူဇော်သော တပည့်အပေါ်၌ နှစ်သက် မြတ်နိုးသောစိတ်ရှိသည်ဖြစ်၍ တရားကိုဟောကြား ပြသလေသည်။ ထိုကဲ့သို့သော ဆရာကိုဆည်းကပ်၍ ဟောကြားညွှန်ပြအပ်သော တရားနှင့်အညီကျင့်ကြံလျှင်ပညာဗဟုသုတနှင့်ပြည့်စုံသူတစ်ယောက်ဖြစ်လာနိုင် ပေသည်။ ယုတ်ညံ့သိမ်ဖျင်း၍ အကျိုးအကြောင်းကိုလည်း မသိတတ်၊ တပည့်အပေါ်၌လည်း ငြူစူတတ်သည့် မိုက်မဲ သောဆရာကို မှီဝဲဆည်းကပ်သူသည်ကား၊ တရားကို မသိမမြင်ဘဲ တွေးတောယုံမှားမူ တန်းလန်းဖြင့်သာ သေ လွန်ရလေသည်။ ဥပမာအားဖြင့် ရေစီးသန်သောမြစ်သို့သက် ဆင်း၍ ရေစုန်အတိုင်းမျောပါနေသူသည် သူတစ်ပါး ကိုမကယ်တင်နိုင်သကဲ့သို့ ထို့အတူပင် ပညာဗဟုသုတ နှင့် ပြည့်စုံသူတို့ထံမှ နာခံမှတ်သားခြင်းမပြု၊ ကိုယ်တိုင် လည်း တရားကိုမသိမြင်၍ ယုံမှားသံသယကို မကျော် လွှားနိုင်သူသည် သူတစ်ပါးတို့အား အမှန်တရားကို သိမြင်စေရန် စွမ်းဆောင်နိုင်မည်မဟုတ်ပေ။ လှော်တက်၊ ထိုးဝါးနှင့်ပြည့်စုံ၍လှေအကြောင်း ကိုလည်း ကျွမ်းကျင်လိမ္မာသောသူသည် မြဲမြံခိုင်ခံ့သော လှေကိုတက်စီး၍ ထိုလှေဖြင့် တခြားသူတို့ကိုလည်း ပို့ ဆောင်ကယ်တင်ပေးနိုင်သကဲ့သို့ ထို့အတူပင် တရား ကိုသိမြင်ပြီးဖြစ်၍ ပညာဗဟုသုတနှင့်ပြည့်စုံကာ၊ တုန် လှုပ်ခြင်းကင်းသောပုဂ္ဂိုလ်သည် ကြားနာမှတ်သားရ သည့်အတိုင်း၊ ကျင့်ကြံဆည်းပူးမှုနှင့်ပြည့်စုံသော တခြား ပုဂ္ဂိုလ်တို့အား တရားကိုသိမြင်စေနိုင်ပေသည်။ ထို့ကြောင့် ထိုးထွင်းÓဏ်ရှိ၍ ပညာဗဟု သုတနှင့်ပြည့်စုံသောသူတော်ကောင်းကို မှီဝဲဆည်း ကပ်သင့်၏။ ယင်းသို့မှီဝဲဆည်းကပ်သူသည် တရား လမ်းမှန်ကိုသိမြင်သည့်အတိုင်း ကျင့်ကြံအား ထုတ်သဖြင့် ချမ်းသာသုခကို မလွဲမသွေရနိုင် ပေသည်။ (သုတ္တနိပါတ်၊ စူဠဝဂ်၊ နာဝါသုတ်) [မြတ်ဗုဒ္ဓ၏ဓမ္မအမြုတေများ (ဓမ္မာစရိယဦးမောင် မောင်လေး)၊ စာ-၁၄၇/၁၄၈] အထက်ပါအဆုံးအမတော်ကိုဖတ်ရှုရ သောအခါ မြတ်စွာဘုရား၏ လက်ယာတော်ရံ အဂ္ဂ မဟာသာဝကကြီးဖြစ်တော်မူသော အရှင် သာရိပုတ္တရာမထေရ်မြတ်ကြီး၏ ဆရာ့ကျေးဇူးအထူးသိတတ် ပုံကို ကြည်ညိုမဆုံးဖြစ် မိရပါသည်။ ထို့ပြင် သူတော်ကောင်းနှင့် ထိတွေ့ပေါင်းဖော်မိခြင်း၊ ဆရာကောင်းကိုဆည်းကပ်မိ ခြင်းတို့၏ ပစ္စုပ္ပန်သံသရာနှစ်ဖြာ အကျိုးကျေးဇူးများပြားပုံကိုလည်း သတိ ထင်ထင် သုံးသပ်ဆင်ခြင်မိပါသည်။ စင်စစ် ရှင်သာရိပုတ္တရာအလောင်း အလျာနှင့် ရှင်မောဂ္ဂလန်အလောင်းအလျာနှစ်ဦးတို့မှာ သိဉ္ဇည်းဆရာကြီးအားထားရသော တပည့်နှစ်ဦးဖြစ်ပါ၏။ တစ်နေ့သော် ကြည်ညို ဖွယ်အသွင်ကိုဆောင်သော ရှင်အသာဇိရဟန်းကို တွေ့မြင်ရပြီး ရှင်အဿဇိထံဆည်းကပ်လျက် ရှင်အဿဇိ ထံမှတရားကို နားကြားပါသည်။ ရှင်အဿဇိကလည်း တရားကို များများစားစား မဟောကြား။ မြတ်စွာဘုရား ဟောကြားတော်မူသော ဓမ္မဂါထာတစ်ပိုဒ်ကိုသာ ဟောပြ တော်မူပါသည်။ ညဏ်ပညာကြီးမြင့်ပြီး ပါရမီအခံရင့် သန်သော ရှင်သာရိပုတ္တရာနှင့်ရှင်မဟာမောဂ္ဂလန်အ လောင်းအလျာနှစ်ဦးက ဓမ္မဂါထာ၏အနက် အဓိပ္ပာယ်ကို ထိုး ထွင်းသိ မြင်ပြီး နှစ်သက်သဘောကျသွားသည်။ ရှင်အဿဇိရ ဟန်းကို 'အရှင်၏ဆရာကား မည်သူပါနည်း'ဟုမေးမြန်း လျှောက်ထားရာ 'ငါ၏ဆရာမှာ ဂေါတမဗုဒ္ဓဖြစ်သည်'ဟု ပြန်လည်မိန့်ကြားတော်မူပါသည်။ ထို့နောက် ရှင် သာရိပုတ္တရာနှင့်ရှင်မောဂ္ဂလာန်အလောင်းအလျာနှစ် ဦးတို့သည် သူတို့ ၏ဆရာ သိဉ္ဇည်းဆရာကြီးထံသွားပြီး သူတို့နှစ်ဦးမှာ ဂေါတမမြတ်စွာဘုရား၏တပည့်အဖြစ် ခံယူကာ ရဟန်းပြုတော့မည်ဖြစ်ပါကြောင်း၊ ဆရာလည်း သူတို့နှင့်အတူလိုက်ပါ၍ မြတ်စွာဘုရား၏တပည့်အ ဖြစ်ခံယူစေချင်ပါကြောင်း ပြောကြားပါသည်။ သိဉ္ဇည်း ဆရာကြီးက သူ၏အားထားရသောတပည့်နှစ်ဦးကို သူ့ ထံမှ ထွက်ခွာမသွားစေလို။ ထွက်ခွာမသွားပါရန် နှင့် သူ့ထံတွင်နေပါက နောင်တစ်ချိန် သူ၏အ ရိုက်အရာကိုလွှဲပေးမည့်အကြောင်း ပြောဆို ဟန့်တားပါသည်။ တပည့်နှစ်ဦးကလည်း သူ တို့အနေနှင့် မြတ်စွာဘုရား၏တရားတော် ကိုနာကြားမိပြီးကတည်းက မြတ်စွာဘုရား ထံရဟန်းပြုရန် ခိုင်ခိုင်မာမာဆုံးဖြတ်ချက် ချပြီးပါကြောင်း၊ ဆရာကိုလည်း သူတို့နှင့်အတူ လိုက်ပါပြီး မြတ်စွာ ဘုရားထံရဟန်း ပြုပါရန် ထပ်မံ၍တောင်း ပန်ပြောကြားပါသည်။ သိဉ္ဇည်းဆရာကြီးက မည်သို့မျှ တားမရ တော့မှန်းသိသော ကြောင့် တပည့်နှစ်ဦး ကိုသွားခွင့်ပြုလိုက် ပြီး သူကမူ အိုးစ ရည်းဖြစ်သော ကြောင့် လက်ငင် အိုးမလုပ်လို ကြောင်း ပြော ကာ တပည့် တို့နှင့်အ တူ မလိုက် ပါခဲ့ပေ။ ရှင်သာရိပုတ္တရာအလောင်းအ လျာနှင့် ရှင်မဟာမောဂ္ဂလန်အ လောင်းအလျာနှစ်ဦးတို့သည် ရှင် အဿဇိမည်သော သူတော်စင်သူတော် မြတ်ထံ ချဉ်းကပ်မိပြီး လေးနက်သောဓမ္မ ဂါထာတစ်ပိုဒ်ကိုနာကြားမိရာမှ သတ္တဝါဝေနေယျ တို့ကို သံသရာဝဋ်ဆင်းရဲကြီးမှလွတ်မြောက်အောင် လမ်းညွှန်ဆုံးမနိုင်သည့် အနှိုင်းမဲ့ဆရာကောင်း တစ်ဆူဖြစ်သော မြတ်ဗုဒ္ဓကို ဆည်းကပ်ကိုး ကွယ်မိခြင်းဖြစ်ပါသည်။ ဤတွင် သူတော် ကောင်းနှင့်ခေတ္တမျှဆုံမိခြင်းသည် မည်မျှ အကျိုးကျေးဇူးကြီးမားကြောင်း ဆင်ခြင်သိ ရှိနိုင်ပါသည်။ အကယ်၍သာ ရှင်သာရိပုတ္တ ရာနှင့် ရှင်မဟာမောဂ္ဂလန်အလောင်းအလျာ နှစ်ဦးမှာ အရှင်အဿဇိ နှင့်မကြုံဆုံခဲ့လျှင်၊ ရှင်အဿဇိထံမှ တရားကိုမနာကြားခဲ့ရလျှင် မြတ်စွာဘုရားရှင်ထံ ရဟန်းပြုဖြစ်တော့ မည် မဟုတ်ပါ။ မြတ်စွာဘုရားတည်းဟူသော၊ သတ္တဝါဝေနေယျတို့အား သံသရာဝဋ်ဆင်း ရဲမှ အပြီးတိုင်လွတ်မြောက်အောင် လမ်း ညွှန်ပြသနိုင်သော ဆရာကောင်းတစ်ဆူကို ဆည်းကပ်ကိုးကွယ်မိပြီး မြတ်စွာဘုရားသွန် သင်ညွှန်ပြသည့်အတိုင်း တိတိကျကျလိုက်နာ ကျင့်ကြံအားထုတ်သောကြောင့် ရှင်သာရိပုတ္တ ရာ မထေရ်မြတ်ကြီးသည် ရဟန္တာဖြစ်တော် မူခဲ့ခြင်းဖြစ်ပါ၏။ ဤတွင် သံသရာဝဋ်ဆင်းရဲ မှ အမှန်ပင်လွတ်မြောက်စေနိုင်သော နည်း လမ်းကိုညွှန်ပြတော်မူသော ဆရာကောင်း ၏ ကျေးဇူးအဘယ်မျှကြီးမားသည်ကို လေး လေးနက်နက် နှလုံးသွင်းဆင်ခြင်မိပါသည်။ မြတ်စွာဘုရားတည်းဟူသော ဆရာကောင်းကို ဆည်းကပ်ကိုးကွယ်မိခြင်း မရှိဘဲ သိဉ္ဇည်းဆရာကြီးထံတွင်သာ တပည့် ခံလျက်နေခဲ့သော် ရှင်သာရိပုတ္တရာနှင့် ရှင် မဟာမောဂ္ဂလာန် အလောင်းအလျာနှစ်ဦး မှာ သစ္စာလေးပါးတရားကို သိမြင်ခြင်းမရှိ ဘဲ၊ သံသရာဝဋ်ဆင်းရဲမှလည်း လွတ်မြောက် နိုင်လိမ့်မည်မဟုတ်ပါချေ။ အမှန်စင်စစ် လောကီအကျိုးစီး ပွားကို လိုသည်ဖြစ်စေ၊ လောကုတ္တရာအ ကျိုးစီးပွားကိုလိုသည်ဖြစ်စေ၊ ဆရာကောင်း ထံ ချဉ်းကပ်မိရန်လိုပါသည်။ အကယ်၍ ပညာတတ်တစ်ဦးဖြစ်လိုသူသည် အဆင့်မြင့် ပညာရှင်တစ်ဦးထံချဉ်းကပ်၍ တပည့်ခံဖို့လို ပါသည်။ ပညာရေးခရီးလမ်းတွင် အတွေ့ အကြုံများခဲ့ပြီး အောင်မြင်မှုသရဖူဆောင်း ခဲ့သောပညာရှင်ထံ ချဉ်းကပ်မိဖို့လိုပါသည်။ ထို့အတူ စီးပွားရေးလုပ်ငန်းရှင် အဖြစ် အောင်မြင်လိုသူသည် အောင်မြင် ထင်ရှားသော စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ဦးထံ တပည့်ခံ ချဉ်းကပ်သင့်ပါသည်။ မိမိရည်ရွယ်ရာပန်းတိုင်ဆီသို့ ရောက်ရှိပြီး သူများ၏ အတွေ့အကြုံများ၊ အကြံÓဏ် များ၊ နည်းပေးလမ်းပြမှုများသည် မိမိအ တွက် တန်ဖိုးမဖြတ်နိုင်သော အကြံကောင်း၊ ညဏ်ကောင်း နည်းလမ်းကောင်းများဖြစ်ပါ ၏။ ထို့ကြောင့် မိမိရွေးချယ်ထားသောနယ် ပယ်တွင် ထင်ရှားအောင်မြင်ပြီးသူထံ တ ပည့်ခံခြင်းသည် အောင်မြင်ရေးအတွက် ပထမခြေလှမ်းဟုဆိုနိုင်ပါသည်။ ဆရာရွေး ချယ်ရာတွင် ဆရာကောင်းကို ရွေးချယ်မိ ဖို့လိုပါသည်။ သံသရာဝဋ်ဆင်းရဲကြီးမှ လွတ် မြောက်ကြောင်း ဝိပဿနာကျင့်စဉ်ကို ကျင့် ကြံအားထုတ်သော ယောဂီတို့သည်လည်း နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်း အ ကျင့်မြတ်ကို မှန်မှန်ကန်ကန်လမ်းညွှန်ပြသ နိုင်သော ဆရာကောင်းအမှီသဟဲရှိဖို့လိုအပ် ပါသည်။ ကမ္မဋ္ဌာနာစရိယဆရာတော်သည် စာပေပရိယတ္တိဝမ်းစာလည်းရှိ၊ ပဋိပတ္တိလုပ် ငန်းခွင်တွင်လည်း နှစ်ပေါင်းများစွာကျင့်ကြံ အားထုတ်ထားပြီး တစ်စုံတစ်ခုသော အ တိုင်းအတာအထိ အတွင်းသန္တာန်၌ ဓမ္မ ဓာတ်တည်ကိန်းသူဖြစ်သင့်ပါသည်။ လောဘ၊ ဒေါသ၊ မောဟအလွန် နည်းပါးပြီး မျက်နှာတွင် အကြည်ဓာတ်ထင် ဟပ်သူဖြစ်သင့်ပါသည်။ လာဘ်လာဘကို လည်းမက်မော၊ အကျော်အစောကိုလည်း ခုံမင်၊ြေ>ွခရံသင်းပင်းလည်း များပြားလိုသော ကမ္မဋ္ဌာနာစရိယထံ တပည့်အဖြစ် နည်းခံ အားထုတ်နေလျှင် ''ပိုးသာကုန်၍ မောင်ပုံ စောင်းမတတ်''သည့်အဖြစ်မျိုးနှင့် ပက်ပင်း တိုးပေလိမ့်မည်။ ဝိပဿနာတရားအားထုတ် ခြင်းဟူသည် လောဘအစရှိသော ကိလေ သာသတ်ရသော ကျင့်စဉ်ဖြစ်သောကြောင့် ကားကောင်းကားလှလည်း စီးချင်၊ ကျောင်း ကြီးကြီးနှင့် ခမ်းခမ်းနားနားနေချင်၊ ကျော် ကြားထင်ရှားချင်သော ကမ္မဋ္ဌာန်းနည်းပြ ဆရာထံ တရားအားထုတ်မိလျှင် လောဘ လည်း ပါးလျားလာမည်မဟုတ်ပါ။ လောဘပါးလျားမလာလျှင် တ ရားထူး သိမြင်ဖို့ဆိုသည်မှာ လုံးဝမဖြစ်နိုင်။ ထို့ကြောင့် ပစ္စုပ္ပန် သံသရာ နှစ်ဖြာအကျိုး စီးပွားလိုချင်သူတိုင်းသည် ဆရာကောင်း ထံ ဆည်းကပ်ပြီး ဆရာညွှန်ပြသည့်အတိုင်း တိတိကျကျ ဆောင်ရွက်ရမည်ဖြစ်ပါ၏။ (Flower News Journal အတွဲ (၁၀) အမှတ် (၁၄) မှ) _____________________________________________________ LIKE (y) | SHARE ✓ | LOVE <3 ********************************************** [ The Flower News Journal | The Yangon Times Journal ] | Yangon Media Group | www.yangonmedia.com | **********************************************

No comments: