Sunday, April 20, 2014

ဒီလူ သမ္မတ ဖြစ်သင့်ပါသလား လူတစ်ယောက်ဟာ ၁၉၆၂-ခုကတည်းက ပြည်သူ့အာဏာကို သိမ်းပိုက်ခဲ့တာကို ထောက်ခံတယ်။ လူတစ်ယောက်ဟာ ၁၉၈၈-ခုနှစ်၊ ဒီမိုကရေစီတော်လှန်ရေးကို မင်းမဲ့စရိုက်အမည်တပ်ပြီး သွေးမြေစေခဲ့ပြန်တယ်။ လူတစ်ယောက်ဟာ ၂၀၀၇-ခုနှစ်မှာ မေတ္တာပို့နေတဲ့ သံဃာများကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်။ လူတစ်ယောက်ဟာ နာဂစ်ဖြစ်တုန်းက ဒုက္ခရောက်နေတဲ့ ပြည်သူများကို ကူညီဖို့ နိုင်ငံခြားအကူအညီကို ပိတ်ပင်ခဲ့တယ်။ လူတစ်ယောက်ဟာ (၁၅)နှစ်ကြာ သူရေးခဲ့တဲ့ စစ်ကျွန်ဥပဒေနဲ့ ဆက်ပြီး အုပ်ချုပ်ချင်သေးတယ်။ အဲဒီလူဟာ ကချင်ကိုလည်း ဒုက္ခပေးဖူးတယ်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ပလောင်၊ ဝ၊ ပအိုဝ်း၊ လာဟူးအရှိတဲ့ လူမျိုးများကိုလည်း ဒုက္ခပေးဖူးတယ်။ ကြေးနီကို ရလိုဇောနဲ့ သံဃာတော်များကို မီးလောင်းဗုံးနဲ့ ဖြိုခွင်းပြီး လယ်တီသိမ်ကိုတောင် ဖျက်ဆီးဖို့ ကြံတယ်။ လူတစ်ယောက်ဟာ ပြည်သူတို့မြေကို သိမ်းဆည်းခဲ့တယ်။ ရွာတွေ၊ ဘုန်းကြီးကျောင်းတွေ၊ စေတီပုထိုးတွေ၊ တောတောင်တွေကို ဖျက်ဆီးခဲ့တယ်။ ဒီလူဟာ သမ္မတ ဖြစ်သင့်ပါသလား။ ပြည်သူတို့ကရော သူ့ကို မဲပေးကြမလား။ အဲဒီလူ သမ္မတ ဖြစ်ခဲ့ရင်ကော အဲဒီတိုင်းပြည် ငြိမ်းချမ်းဖို့ ရှိလား။ တိုးတက်ဖို့ ရှိလား။ အရှင်ရာဝိက ကျောင်းထိုင်ဆရာတော် မွန်ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း အမေရိကန်ပြည်ထောင်စု

No comments: