Friday, April 11, 2014

ပညာရေးစနစ်သောက်သုံးမကျပါဘူးလို့ဝေဖန်တယ်။ ထားလိုက်ပါ ။ ဒီလောက်သောက်သုံးမကျမှန်းသိသိကြီနဲ့ သောက်သုံးမကျစွာ အချိန်ကုန်ခံ ငွေအကုန်ခံ သောက်ဘွဲ့တွေယူပြီး သောက်ပါးစပ်တွေ ဝေဖန်နေတဲ့ သူတွေက ပိုပြီး သောက်သုံးမကျဘူးလို့ထင်တယ်။ သောက်သုံးမကျတဲ့ ဝေဖန်သူ သက်သက်ကို ဥပမာပေးမယ် ချီးမှန်းသိသိကြီးနဲ့ပျော်ပါးမြူးတူးနေတဲ့လောက်တွေက ယင်ကောင်ဖြစ်မှ ချီးအပြစ်တင်နေသလိုဖြစ်နေတယ်။ အေး ကိုရင်တို့က ဒီနိုင်ငံက ဆရာဆရာမတွေသင်တဲ့ ဘွဲ့တစ်ခုကို အပတ်တကုတ်ကျိုးစားသင်ယူခဲ့တယ်။ ဒီနိုင်ငံထဲမှာပဲ အဆင့်အတန်းရှိရှိအလုပ်လုပ်ခဲ့တယ်။ နိုင်ငံတကာမှာလည်း အဆင့်အတန်းရှိရှိအလုပ်လုပ်ခဲ့တယ်။ ကိုယ့်ကိုသင်ပေးတဲ့ဆရာဆရာမတွေကို ဘယ်တော့မှမစော်ကားသလို ကိုယ်သင်ခဲ့ရတဲ့ တက္ကသိုလ်တွေကိုလည်း ဘယ်တော့မှမစော်ကားဘူး။ အခုထိဂုဏ်ယူနေတုန်းပဲ။ အေး..... ဘွဲ့ဆိုတာ သင်ကြားပေးတဲ့ ဆရာဆရာမ ပါမောက္ခတွေကသာ ပေးနိုင်တာ။ ဘယ်အစိုးရမှ ဝင်ပြီးပေးလို့မရဘူး။ကိုယ်တိုင်ကျိုးစားမှရမယ့် ဘွဲ့ကို ကိုယ်တိုင်မှမလေးစားရင် ချီးထဲမှာပျော်တဲ့လောက်တွေရဲ့အဆင့်ပဲရှိတယ်လို့သတ်မှတ်မယ်။ ဘွဲ့ဝတ်စုံဝတ်ပြီး သောက်ရူးပါဖောမင့်လုပ်တဲ့သောက်ရူးတွေကို စိတ်တိုနေတဲ့ ကိုရင်လူထွက် ငပိချက်

No comments: