Sunday, April 20, 2014

20 April က မြန်မာသမ္မတ ဦးသိန်းစိန် နဲ့ နာဇီဂျာမဏီ ခေါင်းဆောင် ဟစ်တလာ ရဲ့ တူညီတဲ့ မွေးနေ့ပါ။ မွေးနေ့တူသလို မျက်နာသွင်ပြင်ကလည်း တူညီပုံက ထိပ်နဖူးပြောင်တာက အစ တူညီပါတယ် ။လူထုအားကို အမျိုးသားရေးကို အခြေခံပြီး ရယူဖို့ ကြံစည်တတ်ကြတာလည်းတူညီပါတယ်။သို့သော် လူမျိုးရေးကို ရှေ့တန်းတင်လွန်းသည့်အတွက် နိုင်ငံစုံ မဟာမိတ်တပ်တွေရဲ့ တုန့်ပြန်ခံရပြီး နောက်ဆုံးမှာ ဟစ်တလာရဲ့ ဘဝမှာ ဇာတ်သိမ်းမကောင်းပဲ သမိုင်းမှာ အမဲစက် ထင်ကျန်ခဲ့ပါတယ်။ ယခု မြန်မာပြည်မှာလည်း အမျိုးသားရေး လှူပ်ရှားမှူတွေက ဂျာမန် နာဇီခေတ်လို ခေါင်းထောင် စပြုနေပါတယ်။ သာမန် ကိစ္စ္စလေးတွေကိုတောင် ဥပဒေနဲ့ မရှင်းတော့ပဲ အမျိုးသားရေး အင်အားစု အားနဲ့ ရှင်းကြတော့ လူသတ် မီးရှို့မှူတွေ နိုင်ငံအနှံ့ ဖြစ်ပွားလာနေပါတယ်။ နိုင်ငံတကာ၏ ယုံကြည်မှူကင်းမဲ့လာနေသလို UN နဲ့ နိုင်ငံတကာရဲ့ ဖိအားတွေတိုးလာနေပါတယ်။ အခုချိန် ပြန်ထိန်းနိုင်ရင် တိုင်းပြည်အတွက် ပိုကောင်းတဲ့ အနာဂတ် ဖြစ်လာနိုင်သော်လည်း အမျိုးသားရေး လှုပ်ရှား ဟောပြော လှူံဆော်မှူတွေကို မတားပဲ ပိုမို အားပေးလာသည့်အတွက် အနာဂတ်မှာ နာဇီ ဂျာမဏီလို ဖြစ်လာရင် သမိုင်းမှာ. ဒုတိယ ဟစ်တလာ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံကို တကယ်ချစ်ရင် လူမျိုးရေး၊ အမျိုးသားရေး၊ နိုင်ငံရေး၊ တိုင်းရင်းသားအရေး တို့ ကို Balance ပြန်ညီအောင် ပြန်ထိန်းပြီး ကြပ်မတ် ပေးပါလို့ တိုက်တွန်းအပ်ပါသည်။ အမေရိကန်မှာ သမ္မတ ၂ ယောက် ကံဇာတာ တူညီပြီး လုပ်ကြံခံရပုံ အထိတူညီကာ အသက်ဆုံးပါးတာက အစ တူညီခဲ့တာ သမိုင်းတွင် နေဆဲပါ။ ဒါကြောင့် နာဇီ အမျိုးသားရေး ဝါဒီ ဟစ်တလာနဲ့ မွေးနေ့တူ ဦးသိန်းစိန်လည်း အမျိုးသားရေးလှူပ်ရှားမှူ နွံထဲ မနစ်ပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်။ Happy Birthday ပါ သမ္မတကြီး ဦးသိန်းစိန်။ ဆန္ဒမွန်ဖြင့် ကိုစိုင်း

No comments: