Thursday, April 3, 2014

“ယနေ့ အရယ်ရဆုံး ကရင်ပြည်နယ် ၀န်ကြီးချုပ်ရဲ့ ဟာသ” ဧပြီလ ၂ ရက်နေ့က DKBA အဖွဲ့ ဦးစီးသယ်ဆောင်လာတဲ့ သမီးလေးရွာသားတွေကို ဒုံသမိချောင်းကူးတံတားမှာ ကရင်ပြည်နယ်အစိုးရအဖွဲ့က တားဆီးနေစဉ် ကရင်ပြည်နယ်ဝန်ကြီး ဦးဇော်မင်း မှ KNU ဥက္ကဋ္ဌ က မကြိုက်လို့ တားဆီးရခြင်းဖြစ်ကြောင်း DKBA တပ်ဖွဲ့က ဗိုလ်မှူးကြီး ကျော်သက် ထံကို ဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။ အခြေအနေနဲ့ပတ်သက်ပြီး DKBA တပ်ဖွဲ့က ဗိုလ်မှူးကြီးကျော်သက်ကို မေးမြန်းကြည့်တဲ့အခါမှာ “ကရင်ပြည်နယ်ဝန်ကြီး ဦးဇော်မင်း ကျနော့်ဆီ ဖုန်းဆက်တယ်။ ဗိုလ်မှူးဆန်းအောင် သယ်လာတဲ့ သမီးလေးရွာသားတွေကို တားဆီးနေတဲ့ အချိန်မှာပဲ ဆက်တာ၊ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်မူတူးဆေးဖိုးက သမီးလေးရွာသားတွေ ကရင်ပြည်နယ်ထဲပြောင်းလာတာ မကြိုက်ဘူးပြောလို့ သူတို့က တားရတာပါလို့ ပြောတယ်။ သူပြောတာ ကျနော်မယုံဘူး KNU ဥက္ကဋ္ဌ ကလည်း အဲလို ပြောမှာမဟုတ်ဘူး။ ဒါ မရိုးသားမှုတခုပဲလို့ ကျနော် ထင်တယ်လေ။ ကျနော်တို့လည်း ရောက်လာတဲ့ ရွာသားတွေကို ကြိုဖို့ ထမင်း ဟင်းတွေ ချက်ထားပြီး ဒုံးအက အဖွဲ့တွေနဲ့ စောင့်နေကြတာ ခုတော့ အတားခံရတယ် မလာဖြစ်တော့ဘူးတဲ့” လို့ ရှင်းပြပါတယ်။ - ကာတွန်းဆရာတွေအတွက် ရပြန်ပြီတစ်ကွက် (ယမုံနာ စတေးတပ်စ်မှ ...)

No comments: