Tuesday, April 1, 2014

တောင်သမန် အင်းထဲက ဓာတ်မြေသြဇာ အဆိပ်သင့် နေ တဲ့ ငါးတွေ ကိုမစားကြဖို့ သံရုံးဝန်ထမ်း တွေကို တိတ်တဆိတ် သတိပေး ထားတယ်ဆိုတာ ဖတ်မိတော့၊ လွန်ခဲ့တဲ့ ၁၈ နှစ်လောက် က ဖြစ်စဉ် လေး တွေ ဆီ စိတ်ကရောက်သွားပြန်တယ်။ ရန်ကုန်မြို့ပေါ်က နာမည်ကြီး ဖာဘိ တွေ ကို စီမံချက် နဲ့ ၀င်မဖမ်းခင်၊ သံရုံး တွေကို စာပို့၊ တပ်မတော် အရာရှိကြီး တွေ ကိုကြိုတင်အကြောင်းကြားပြီး မှ ညဖက်ဝင်ဖမ်းကြတဲ့ ဖြစ်စဉ် လေးတွေ ကို သတိရမိတာကို ပြောချင်တာပါ။ သူတို့ အသိုင်းအ၀ိုင်း နဲ့ နီးစပ်မှု မရှိတဲ့ သူတွေ က တော့၊ ပုဆိုးမနိုင် ပ၀ါမနိုင်နဲ့ ရဲလက်ထဲမှာ ကွိ ခ နဲ မိ ကြပေမယ့်၊ နေ့စဉ် သုံးစွဲသူ ဖောက်သယ်ကြီး တွေ က တော့၊ အဲ့ နေ့ မှာ စိတ်ပုတီး လက်မှာ ပတ်ပြီး သူတော်ကောင်းကြီးတွေ ဖြစ်လို့ဗျား။ အခုလဲ မထူးပါဘူး။ ပြည်သူတွေ ကတော့ အဆိပ်သင့်ငါးတွေကို ပျော်ပျော်ကြီးစားသုံးလို့ ရောဂါတွေ ၀ယ်ယူနေကြရရှာတယ်။ သူတို့ အသိုင်းအ၀ိုင်း က တော့ ဘယ်စားပါ့မလဲ။ မိဘပြည်သူများက တော့ အမြဲခံဖက် ကကြီးပါဘဲခင်ဗျာ။ Melvin Moe

No comments: