Tuesday, April 1, 2014

= = * * * = = = မြန်မာ့အမျိုးသားရေးကွန်ယက်အနေဖြင့် အဖွဲ့ဝင်များကို စည်းမျဉ်းစည်းကမ်း နှင့်အညီ လက်ခံခြင်း ၊ အမျိုးသားရေး လုပ်ငန်းဆောင်တာ များတွင် ပူးပေါင်းတိုင်ပင်ဆောင်ရွက်ခြင်းစသော စနစ်တကျ လုပ်ဆောင်မှုများ ရှိပါသည်။ မြန်မာ့အမျိုးသားရေးကွန်ယက် စတင်တည်ထောင်ချိန်မှစ၍ ပါဝင်ခဲ့သူ ကိုသန့်ဇင် (ခ) မြို့စားသည် အဖွဲ့ဝင်အဖြစ် ဖြည့်စွက်ရသော အဖွဲ့ဝင်ပုံစံတွင် ဖြည့်စွက်နိုင်ခြင်းမရှိဘဲ အဖွဲ့မှ ထွက်ပါမည်ဟု ကိုယ်တိုင်ပြောဆိုသွားပြီး အဖွဲ့ပြည်ဆင်ဖွဲ့စည်းချိန်တွင် ထပ်မံရောက်ရှိလာခဲ့ပါသည်။ သြ၀ါဒဆရာတော်၏ လမ်းညွှန်ချက်အရ အဖွဲ့အတွင်း တာဝန်တစ်ခုအဖြစ် စည်းကမ်းထိန်းသိမ်းရေး တာဝန်ကို ပေးအပ်ခဲ့ပါသည်။ သို့သော် ၎င်းကိုယ်တိုင်မှာ အဖွဲ့နှင့်ဆက်သွယ်ဆောင်ရွက်ခြင်းမရှိဘဲ အဖွဲ့၏ လုပ်ငန်းဆောင်တာများနောက်သို့ ခြေရာခံလိုက်နေသကဲ့သို့ မရိုးဖြောင့်သော လုပ်ရပ်များ ဆောင်ရွက်လာသဖြင့် မြန်မာ့အမျိုးသားရေးကွန်ယက် အဖွဲ့ဝင်များ၏ သဘောတူဆုံးဖြတ်ချက်နှင့်အညီ ထုတ်ပယ်ကြောင်း အသိပေးအပ်ပါသည်။ သို့ဖြစ်ပါ၍ ထိုပုဂ္ဂိုလ်အနေဖြင့် မည်သည့်အရပ်ဒေသတွင်မဆို Myanmar National Network ကို ခုတုံးလုပ်၍ လှုပ်ရှားဆောင်ရွက်ခြင်းသော်လည်းကောင်း ၊ တစ်စုံတရာ အလှူခံခြင်း ထောက်ပံ့ခြင်း အလုပ်များသည် မြန်မာ့အမျိုးသားရေးကွန်ယက် Myanmar National Network နှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း အသိပေး ထုတ်ပြန်လိုက်သည်။ (မှတ်ချက် ။ ။ အဖွဲ့၏ စည်းမျဉ်းအရ ဖြည့်စွက်ရမည့် အဖွဲ့ဝင်ပုံစံအား ယနေ့အထိ ဖြည့်စွက်ထားခြင်း မရှိပါ။ နှုတ်အားဖြင့် သြ၀ါဒဆရာတော်မှ တာဝန်တစ်ခုပေးလိုက်ပါဆိုသဖြင့် အဖွဲ့၏ စည်းကမ်းထိန်းသိမ်းရေး နေရာတွင် ထည့်သွင်းပေးထားခြင်းဖြစ်သည်။) အဖွဲ့၏ သဘောတူ ဆုံးဖြတ်ချက်ဖြင့် Myanmar National Network

No comments: