Sunday, April 20, 2014

ဒုတိယကမ္ဘာစစ် မတိုင်မှီက ဂျာမဏီမှာ သက်သက်လွတ်စားပြီး စိတ်အားထက်သန်တဲ့ လူငယ်တစ်ယောက် ပန်းချီဆရာ ဖြစ်ခွင့်မရှိခဲ့လို့ စစ်ထဲဝင်၊ နိုင်ငံရေး လောကထဲရောက်ခဲ့ရလို့ ကမ္ဘာပေါ်မှာ လူတွေ အများကြီးသေခဲ့ရပြီးပြီ။ အခုလဲကြည့် မြန်မာနိုင်ငံမှာ နွားနို့သောက်ပြီး လက်ညှိုးထောင် ခေါင်းညိတ်ကလွဲပြီး ဘာမှ မလုပ်တတ်တဲ့ စစ်ဗိုလ်တစ်ယောက် မုန့်ဟင်းခါးရောင်းချင်တာ မရောင်းခဲ့ရလို့ မိဘပြည်သူများ ခင်များ ဆိုပြီး လိုက် ဒုက္ခပေးနေပြန်ပါပြီဗျာ။့ အပြစ်မဲ့လူတွေ မဆီမဆိုင်သေနေရတယ်၊ ကချင်တွေ ပတ်ပြေးနေရတယ်။ မြန်မာပြည် အလယ်ပိုင်းမှာလည်း တောင်တန်းတွေ၊လယ်ယာတွေလည်းကုန်ပြီ၊ ကိုယ့်အိမ်ကိုယ် မီးရှို့တယ်ဆိုတဲ့ ကလေးသာသာ ထွင်လုံးကို ယုံအောင်လို့ ပြည်သူတွေရဲ့ ဦးနှောက်လို ချူံ့ပေး လိုက်သေးတယ်။ မွေးနေ့ လေး တူတာနဲ့ ဘာမှ မဆိုင်ဘူးနော်၊ ဖြစ်ချင်တာ ဖြစ်ခွင့်မရှိလို့ ဖြစ်ချင်ရာ ဖြစ်သွားတဲ့ ဘဝ နှစ်ခုကို ယှဉ်တွေးကြည့်တာ။ အတီး

No comments: