Saturday, April 19, 2014

အလိုရှိသည် စောဒက ရွှေမြို့တော် တစ်ခွင်လုံးကား အုတ်အုတ်ကျက်ကျက်၊ လှုပ်လှုပ်ရွရွ၊ သောသော ညံညံဖြစ်နေ၏။ ပြေးကြလွှားကြ၊ သယ်ကြ၊ ပိုးကြ၊ သိမ်းကြ၊ ဆည်းကြ၊ ဖျက်ကြ၊ ဖြိုကြနှင့် ကမ္ဘာစစ် ဖြစ်တော့မည့်အလား သောကပွားလျက် ရှိ၏။ အားလုံး၏ မျက်နှာတွင် စိုးရိမ်ထိတ်လန့်မှုက အထင်းသား။ ဘယ်နေ့ ကိုယ့်အလှည့် ရောက်လာမလဲ၊ ဘယ်အချိန် ဝုန်းဆို ပေါက်ချလာမလဲ၊ ဘယ်ပုံစံ ဝင်လာမလဲ ပူပင်တွေးများ တွေးပြီးရင်း တွေးနေမိကြ၏။ ညဆိုလည်း အိပ်ကောင်းခြင်း မအိပ်ကြရ။ ကြက်အိပ်၊ ကြက်နိုးသာ မှေးကြရသောကြောင့် မြို့တော်သူ၊ မြို့တော်သားအပေါင်း မျက်ကွင်းဟောက်ပက် ဖြစ်ကုန်ကြ၏။ မိမိတို့ အိမ်ဂေဟာတွင် ရှိသမျှ သံချက်များကို သေချာစွာ ပြန်စစ်ဆေးကာ ထပ်ရိုက်သင့်သည်များ ရိုက်၊ ပိုးသင့်သည်များပိုး၊ ကာသင့်သည်များကာ၊ ကျားကန်သင့်သည်များ ကျားကန်ကာ တော်ရုံတန်ရုံဖြင့် ဖြို၍ ဖျက်၍ မရစေရန် ချွေးတလုံးလုံး ပြုပြင်နေကြ၏။ ဤမျှ ပူပန်တကြီး ပျာလောင်ခတ်နေကြခြင်းမှာ ဘဇာကြောင့်နည်းဟု မေးစရာရှိ၏။ အကြောင်းကား မဟောင်းဘဲ ထပ်ကျော့ကျော့ လာနေသည့် မြူနီစီပယ်လဒ (လင်းတ) အုပ်စု အန္တရာယ်ကို ကြောက်ဒူး တုန်နေကြသောကြောင့် ပင်တည်း။ အပြည့်အစုံဖတ်ရန်-http://thevoicemyanmar.com/2013/index.php/component/k2/item/5621-al.html

No comments: