Sunday, April 20, 2014

ရွှေတိဂုံဘုရား ပေါ်မှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမိသားစု စာတမ်းကို ဖြုတ်ချရန် ပြည်ခိုင်ဖြိုးပါတီအမတ်မှ လွှတ်တော်သို့ အဆိုတင်မည် ဦးက ပြည်ခိုင်ဖြိုးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နော် ဟုတ်ကဲ့ပြောပါ ၊ ကျနော်တစ်ခုလောက်မေးချင်လို့ လွှတ်တော်ကိစ္စနဲ့တော့ သိပ်မဆိုင်ပါဘူး ၊ ရွှေတိဂုံဘုရားပေါ်က ငှက်မြတ်နားအောက်က ဟိုစာတန်း ကိစ္စပါ ၊ အော် ဦးသန်းရွှေ နဲ့ မိသားစု ဆိုတဲ့စာတန်း ကိစ္စလား ၊ ဟုတ်ပါတယ် ဦး ၊ အဲဒါ နဲ့ ပတ်သတ်လို့ ဦးရဲ့ အမြင်လေးသိပါရစေ ၊ ဒါလွှတ်တော် နဲ့ မသက်ဆိုင်ဘူးလို့ ပြောလို့ မရဘူးလေ ငါ့တူရဲ့ ၊ ဒါ တိုက်ရိုက်ကြီးဆိုင်တာပေါ့ ၊ လွှတ်တော်နဲ့ တင်ဘယ်ကမလဲ ငါ့တူရဲ့ ဦးတို့ ပြည်ခိုင်ဖြိုးပါတီနဲ့လည်းဆိုင်တာပေါ့ ၊ ဒါဆို ဦးသဘောက အဲဒီနေရာမှာ ဒီလိုစာတမ်းချိတ်ထားတာကို သဘောမကျဘူးပေါ့နော် ၊ သဘောကျတယ် မကျဘူးဆိုတာထက် မဖြစ်သင့်မဖြစ်ထိုက်ဘူးလို့ ပြောချင်တာပါ ၊ လုံးဝကို မဖြစ်သင့်တဲ့ ကိစ္စပါ ၊ ဦးတို့ မိတ်ဆွေတွေ ဒါကို လွှတ်တော်မှာ အဆိုတစ်ခုအဖြစ်တင်ဖို့ တိုင်ပင်နေကြပါတယ် ၊ ဟင် ဟုတ်လား ဦးလေး ၊ ဒါ . . ကျနော်ပြောချင်တာက အဲဒီ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆိုတာ အရင်ကြံခိုင်ရေးအသင်းကြီးရဲ့ နာယက လေ အဲတော့ . . ဒီမယ်ငါ့တူ အဲဒါက သတ်သတ်ပါ ၊ ဦးတို့ ပြည်ခိုင်ဖြိုးအသင်းကိုဝင်ခဲ့တာက အသင်းရဲရရည်ရွယ်ချက်တွေကို သဘောကျလို့ ဝင်ခဲ့တာ ၊ အဲဒါက သတ်သတ်လေ ၊ ဒါက ဖြစ်မှမဖြစ်သင့်တဲ့ ကိစ္စပဲလေ ၊ ဦးပြောတာရှင်းရဲ့လားငါ့တူ ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က ပြည်ခိုင်ဖြိုးအသင်းရဲ့ နာယက တင်မကဘူး မြန်မာပြည်ရဲ့ အကြီးအကဲဖြစ်ချင်ဖြစ်ခဲ့မယ် ၊ ဒါပေမယ့် ဒါက ဘာသာရေးလေ ငါ့တူရဲ့ ၊ ဒါမျိုးက ဟိုအရင်က ဘာမှ ပြောခွင့်မရလို့ မပြောခဲ့ကြတာ ၊ ဒါမျိုးကို လိုလိုလားလားအားပေးထောက်ခံတာ ဘယ်သူရှိခဲ့လို့လဲကွယ့် ၊ ငါ့တူတို့ လိုက်မေးကြည့်ပါလား ၊ အဲဒီ ရွှေတိဂုံစေတီရဲ့ ငှက်မြတ်နားအောက်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစု ဆိုတဲ့ စာတန်းကို ချိတ်စဉ်က တကယ်တမ်း အားပေးထောက်ခံခဲ့တဲ့သူ ရှိပါသလားလို့ ၊ ဦးကတော့ တစ်ယောက်မှ ရှိမယ်လို့ကို မထင်ပါဘူးကွယ် ၊ ဒါဆို ဦးတို့ က ဘာအတွက် အဆိုတင်မှာလဲ ၊ ပြန်ဖြုတ်ချပစ်ဖို့ပေါ့ကွဲ ငါ့တူရဲ့ ၊ ဒါက ရှင်းနေတာပဲ လေ ၊ အခု အရပ်ထဲမှာ ဒီကိစ္စက လူပြော အများဆုံးဖြစ်နေပြီလေ ၊ ဦးတို့ ဒါကို လွှတ်တော် အစည်းအဝေးမှာ တင်ပြရမှာပေါ့ ၊ ဟုတ်ကဲ့ ၊ ဒါနဲ့ ဦးရဲ့ အဆိုကို ဦးရဲ့ ပါတီက ခေါင်းဆောင်တွေက သဘောမတူလို့ တားမြစ်တယ်ဆိုရင်ကော ၊ ဒီမယ်ငါ့တူရေ ၊ စကားကိုတော့ အကုန်မပြောရပါစေနဲ့အုံး ၊ ဦးတင်မယ့် အဆိုကို ကန့်ကွက်မယ့်သူရှိရင် အဲဒါ သူ့သမိုင်း ၊ ဦး တင်ဖို့ ကြိုးစားရမှာက ဦးသမိုင်း ၊ လုံးဝတင်ခွင့်မရခဲ့ရင် ၊ တခြားပါတီက ဦးမိတ်တွေ တွေနဲ့ ညှိမယ် သူတို့ဘက်က တင်ခွင့်ရအောင် ကြိုးစားမယ် လေ ၊ ဦးဆိုလိုတာက အန်အယ်ဒီ ပါတီ ကိုဆိုလိုတာလားခင်ဗျ ၊ ဒီကိစ္စက ဘာသာရေးဆိုတော့ ဗုဒ္ဓဘာသာဝင် အားလုံးနဲ့ ဆိုင်တာပေါ့ကွယ် ၊ ဒီကိစ္စအတွက်ဆို ဘယ်ပါတီနဲ့ဖြစ်ဖြစ် လက်တွဲလုပ်နိုင်ပါတယ် ၊ ကျေးဇူးပါ ဦး ကျနော် နောက်ဆုံးတစ်ခုလောက်မေးပါရစေ ၊ အဲဒီ စာတမ်းကို ပြန်ဖြုတ်ချဖို့ လုပ်နေတာက ဦးသန်းရွှေ နဲ့ မိသားစုကို လူမှုရေးထိုးနှက်လိုက်တာလို့ရော ဦးအနေနဲ့ မမြင်ဘူးလားခင်ဗျာ ၊ ဟ အဲလိုမမြင်ရဘူးလေကွယ် ၊ လောလောဆယ် အဲဒီနေရာမှာ အဲဒီစာတမ်းကြီးရှိနေတာ စက္ကန့်တိုင်း စက္ကန့်တိုင်း အကုသိုလ်ဖြစ်နေတာလေ ၊ ဦးသန်းရွှေ နဲ့ သူ့မိသားစုအတွက် စက္ကန့်တိုင်း စက္ကန့်တိုင်း အကုသိုလ်ကြီးဖြစ်နေတာပေါ့ ၊ ဒါ ဦး အမြင်ကိုပြောတာနော် ၊ ဒီလို ဘုရားစေတီတွေ ရဲ့ မြင့်မြတ်တဲ့နေရာမှာ မရှိသင့်တာ စာတမ်းကို ပြန်ဖြုတ်ချတာ ကုသိုလ်လုပ်ရပ်ပဲကွဲ ၊ သူ သဘောတူရမှာပေါ့ကွဲ ၊ သူ့ အနေနဲ့လည်း သဘောတူမယ်လို့ ဦးထင်ပါတယ် ကွယ် ၊ ဟုတ်ကဲ့ ဦး စိတ်ရှည်လက်ရှည်ဖြေပေးလို့ ကျေးဇူးတင်ပါတယ် Hawdeka Khalaylay

No comments: