Wednesday, April 2, 2014

ကာချုပ်ပြောကြားချက်အရ ၂ဝ၁၅မတိုင်မီ ဖွဲ့စည်းပုံပြင်ဆင်ရန် ခက်ခဲမည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းကဆို ************************************************ မင်းဟိန်းထက် ၊ ရန်ကုန်၊ မတ် ၂၈ ၂ဝဝ၈ဖွဲ့စည်းပုံ ပြင် ဆင်ပေးရန် နိုင်ငံတဝန်း ဆန္ဒပြတောင်း ဆိုမှုများ ရှိနေသော်လည်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ပြောကြားချက်အရ အခြေခံဥပဒေပြင်ဆင် ရန် ခက်ခဲမည်ဟု နိုင်ငံရေးအသိုင်းအဝိုင်း က သုံးသပ်ပြောကြားသည်။ မတ်လ ၂၇ ရက်တွင် ကျရောက် သည့် တပ်မတော်နေ့ အခမ်းအနား၌ ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်၏ပြောကြားချက်အရ အခြေ ခံဥပဒေပြင်ဆင်ရန် လိုအပ်ပါက အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း အခန်းတွင် ပြဋ္ဌာန်းထားသည့် ဥပဒေနှင့် အညီဆောင်ရွက်ရမည်ဟု ပြောကြားခဲ့သည့် အတွက် ၂ဝဝ၈အခြေခံဥပဒေကို ပြင်ဆင် ရန်ခက်ခဲမည်ဟု အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးဖုန်းမြင့်အောင်က သုံးသပ်ပြော ဆိုသည်။ ''ဒီဥပဒေကို မဲပေးသူ ၂၄သန်း ကျော် ထောက်ခံထားတဲ့အတွက် ဒါကို ထောက်ခံပါသလား၊ ကန့်ကွက်ပါသလား ဆို ပြီး ဆန္ဒခံယူပွဲ လုပ်မှာမဟုတ်ဘူး။ ပြည် ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ ရာ ခိုင်နှုန်းထောက်ခံမှသာ ပြင်နိုင်မယ်''ဟု ယင်းက ပြောသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် အမျိုးသားညီလာခံက ချ မှတ်ခဲ့သည့် အခြေခံမူ ၁ဝ၄ ချက်အပေါ် အခြေခံပြီး ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ၂ဝဝ၈ ခုနှစ် လူဦးရေ ၅၇ သန်းကျော်တွင် ဆန္ဒမဲ ပေးခွင့်ရှိသူ ၂၇ သန်းကျော်အနက် မဲပေး သူ ၂၄ သန်းကျော် ထောက်ခံဆန္ဒမဲပေး ခဲ့သောကြောင့် ၂ဝဝ၈ အခြေခံဥပဒေကို ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံအတည်ပြုခဲ့ခြင်း ဖြစ်သည့်အတွက် ထောက်ခံဆန္ဒမဲပေးသူ တို့၏ဆန္ဒကို လေးစားရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့သည်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် တပ်မတော်၏အခန်းကဏ္ဍ သည် အရေးပါနေသည့်အပြင် ပြည်ထောင် စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းထောက်ခံရန် ခက်ခဲမည်ဖြစ် သည့်အတွက်၂ဝ၁၅ မတိုင်မီ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန်မလွယ်ကူကြောင်း၊ ထိုအ ချက်ကို ရှောင်လွှဲပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များကို အာဏာခွဲဝေရေး ဥပဒေ များကို အဓိကထား ပြင်ဆင်လိမ့်မည်ဟု ကိုကျော်လင်းဦးက သုံးသပ်သည်။ သို့သော် ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် ရန်ကုန်မြို့အ တွင်းရှိ မြို့နယ်များတွင်သာမက အခြားပြည် နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့နယ်များ တွင်လည်း ပြင်ဆင်ပေးရန်တောင်းဆိုမှုမှာ မတ်လအတွင်း ပိုမိုများပြားလာသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၁၂)ပါ ပုဒ်မ(၄၃၆-က)ရှိ ပြဋ္ဌာန်း ချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင် စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန်သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရ မည် ဖြစ်သည်။ ပုဒ်မ(၄၃၆-ခ)တွင် ပုဒ်မ(၄၃၆- က)၌ ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှ အပ အခြားပြဋ္ဌာန်းချက်များကို ပြင်ဆင်လို ပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ် ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ဖော်ပြထား သည်။ ''ဖွဲ့စည်းပုံပြင်ဖို့ ဆန္ဒပြတာက လဲ ပြည်သူ့သဘောထားပါပဲ။ ဒါပေမဲ့ ဒီ ဥပဒေကိုပြင်ဖို့ အဓိကတာဝန်ရှိတာက ပြည် ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေ ပါ။ သူတို့ တိုက်တွန်းအဆိုပြုမှ ရုပ်လုံးပေါ် လာမှာပါ''ဟု မြန်မာ့နိုင်ငံရေးလေ့လာသူ ကိုကျော်လင်းဦးက ပြောသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်ရေးအတွက် အဓိကအခက်အ ခဲတစ်ခုဖြစ်သည့် ပုဒ်မ(၄၃၆)ကို ပြင်ဆင် နိုင်ရန် ပူးပေါင်းဆောင်ရွက်မည်ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့က ဖေဖော်ဝါရီ ၁၆ ရက်တွင် ပူးတွဲကြေ ညာချက် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ဖွဲ့စည်းပုံပြင်ဆင်ရေး အ ကောင်အထည်ဖော်ဆောင်ရေး ကော်မတီ အနေဖြင့် ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်ခင် ခြောက်လအလိုတွင် ၂ဝဝ၈ ဖွဲ့စည်းပုံ အ ခြေခံဥပဒေကို ပြင်ဆင်ရန် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက သဝဏ် လွှာ ပေးပို့ထားကြောင်း သိရသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင် ရေးသည် ကျယ်ပြန့်နက်ရှိုင်းကြောင်း၊ အ ခြေခံဥပဒေ အခန်း ၁၂ တွင် ပြဋ္ဌာန်းထား သည့် ပြဋ္ဌာန်းချက်များနှင့်အညီ ပြင်ဆင်မှု ဆောင်ရွက်နိုင်ရေး အလေးထားလိုက်နာ ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ သက်တမ်းသုံးနှစ်ပြည့် အထိမ်းအမှတ်အ ဖြစ် မတ်လ ၂၆ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ မိန့်ခွန်းပြောကြားရာတွင်လည်း ထည့်သွင်း ပြောကြားခဲ့သည်။ _____________________________________________________ LIKE (y) | SHARE ✓ | LOVE

No comments: