Friday, April 11, 2014

အူးသိန်းစိန်က ရုပ်သေးမဟုတ်ဘူး @@@@@@@@@@@@@@@@@ ခင်ဗျားအပါအဝင် လူတော်တော်များများ ပြောနေကြတာက အူးသိန်းစိန်ဟာ သူများကြိုးဆွဲရာ က နေတဲ့ရုပ်သေးရုပ် ကျုပ်အမြင်ကဒီလိုမဟုတ်ဘူးး ရုပ်သေးရုပ်ဆိုတာက သူများကြိုးဆွဲ အပေါ်မှာ အနုအရင့် စတာတွေကို ပုံပေါ်ပေးရတဲ့ အခွံသက်သက် သူဟာသူများရေးခြစ်သမျှကို ခံနေရတဲ့စာရွက့် အဖြူသက်သက်… အူးသိန်းစိန်က ဒီလိုမဟုတ်ဘူးး သူဟာ သူ့ဇာတ်ညွှန်းသူပြန်ရေးပြီး ကိုယ်တိုင်သရုပ်ဆောင်နေတဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်တယ်… ကျုပ်ဒီလိုဘာကြောင့်ပြောနိုင်တုံးဆိုတော့ သူ့လုပ်ရပ်တွေကြောင့်ပါပဲ သူသမ္မတဖြစ်လာပြီးတဲ့နောက်မှာ အရင်လူတွေနဲ့မတူတဲ့ပုံစံနဲ့ ပြည်သူတွေ ကိုချဉ်းကပ်တယ် ပါးစပ်ကလဲမိဘပြည်သူ ဆိုပြီးတော့ပေါ့ နောက်ပြီး မစားရဝခမန်းလေသံတွေနဲ့ ပြည်သူတွေကိုမက်လုံးပေးတယ် ဟိုဟာတွေလုပ်ပေးမယ် ဒီဟာတွေလုပ်ပေးမယ်ဆိုပြီး ပြည်သူတွေကို အမျိုးမျိုးမက်လုံးတွေပေး ပြီး ဘာတစ်ခုမှဖြစ်မလာတာ ခင်ဗျားလဲ အသိ ကျုပ်လဲအသိ သူဟာ သူတော်ကောင်းဟန်ဆောင်တယ် သူတတ်နိုင်သလောက်လုပ်ပေးချင် ပါတယ် ဆိုတဲ့ ပုံစံမျိုးလုပ်ပြတယ် ဒါပေမယ့် သူဟာ ကြိုးကိုင်သူရှိလို့ သူလုပ်ချင်တိုင်း လုပ်လို့မရဘူးလို့ မြင်အောင်လုပ်တယ် ပြီးတော့ နောက်ကွယ်ကနေပြီး အတိုက်အခံတွေနဲ့ တိုင်းရင်းသား တပ်မတော်တွေကို နှိပ်ကွပ်နေဆဲ ပါ သူနာမည်ပျက်မယ့်ကိစ္စမျိုးဆိုရင် ခေါင်းမခံပဲရှောင်ပြေးတယ် နာမည်ကောင်းရမယ့်ကိစ္စဆိုရင်ရှေ့ထွက် ပြီး မျက်နှာပြတယ်… အဲဒီလို အဲဒီလို ကိစ္စတွေကြောင့် ကျုပ်ကသူ့ကို အဖြူထည်ရုပ်သေးလို့ မမြင်နိုင်ဘူးးဗျ သူဟာ သူ့စိတ်နဲ့သူကိုယ်နဲ့ လိုလိုချင်ချင် ယုတ်နေတဲ့ လူယုတ်တစ်ယောက်ပဲ ဘယ်သူမှ သူ့ကိုမထိန်းချုပ်ရပဲနဲ့ ထိန်းချုပ်ခံနေရသယောင် ဟန်ဆောင်နေတဲ့ လူနပ် လူလိမ် လူယုတ် တစ်ယောက်ဖြစ်ကြောင်းပါ… ဘရန်လူဇော်

No comments: