Sunday, April 27, 2014

“ဟဲလို... စိုးနွယ်လား...၊ ငါ..!! သိန်းစိန်...” “ဟုတ်ကဲ့ပါ.. လေးစားပါတယ်...သမ္မတကြီးခင်ဗျ...၊ နေကာင်းရဲ့လားခင်ဗျ...” “နေကောင်းတာ မကောင်းတာ အသာထား...၊ မင်းကွာ...၊ ဘယ့်နှယ် ကိတ်မုန့်ကို စေတီတော်ပုံ လုပ်ပြီး ဓား နဲ့ ခွဲရသလားကွာ...၊ ဒီမှာ ဝေဖန်သံတွေ ညံနေပြီကွ...” “ဟာဗျာ... ကျနော် တကယ်ကို မထင်မိလို့ပါ...” “ဟ..စိုးနွယ်... မင်းက ဘာကို မထင်တာလဲကွ...” “ဟို..ဒီလိုပါ..သမ္မတကြီး...၊ ကျနော်က ဒီလိုဝေဖန်သံတွေကြားရမယ် မထင်လို့ပါ...၊ ဘာလို့ဆိုတော့ စေတီအစစ်တွေ..၊ ဘုရားတွေ..၊ သိမ်တွေ ဖျက်တာ..၊ ဖြိုတာ..၊ သိမ်းတာတွေတောင် ဝေဖန်သံ မကြားရဘူးဆိုတော့ ကိတ်မုန့်ကို ဖျက်တာလောက်တော့ ဝေဖန်မယ်လို့ မထင်မိလို့ပါ.....” “ဟေ.. ငါတို့ စေတီတွေ..၊ သိမ်တွေ.. ဖြိုတာ.. ဖျက်တာ သိမ်းတာတွေအတွက် မင်းက ဘာဝေဖန်သံမှ မကြားဘူးလား...” “မကြားမိ မတွေ့မိ ဆို...၊ မနက်လင်းတာနဲ့ နိုင်ငံ့ သတင်းစာတွေကို ဒေါင်းလုတ် လုပ်ပြီးဖတ်တာ...၊ တိုင်းပြည်ကြီးက အေးချမ်းသာယာဝပြောပြီး ဘာ ပဋိပက္ခ..၊ ဘာမကျေနပ်မှုမှ မတွေ့မိပါဘူး... သမ္မတကြီး...” “တိန်... ဂီးးးးး ခွီးးးးး” ကိုနေမျိုး

No comments: