Sunday, April 27, 2014

အရှင်ဘုရား ဗုဒ္ဓဘာသာနိုင်ငံမှာ ပြည့်တန်ဆာများကို တရားဝင်အသိအမှတ်ပြုကောင်းပါသလားတဲ့။ ဒကာတစ်ယောက်က လာမေးတာ။ ဝေသာလီ ရာဇဂြိုဟ်စတဲ့ ဗုဒ္ဓဘာသာတိုင်းနိုင်ငံတွေမှာလည်း တရားဝင်အသိအမှတ်ပြုခဲ့တာပဲလေ။ ဘုရင်တွေ မင်းညီမင်းသားတွေတောင် သူတို့ဆီအဝင်အထွက်ပြုကြတယ်လို့ ကျမ်းဂန်များမှာပြထားတာပဲ။ အမ္ဗပါလီတို့ သီရိမာတို့ဆိုတာ ထင်ရှားတဲ့ပြည့်တန်ဆာတွေဖြစ်သလို အဲလုပ်ငန်းကရတဲ့ ငွေတွေနဲ့ ဘုရားရှင်ကိုတောင် ကျောင်းဆောက်လှုခြင်း ဆွမ်းကပ်လှုခြင်းတွေလည်း လုပ်ခဲ့ကြတာပဲ။ သောတာပန်အရိယာတောင် ဖြစ်သွားကြသေးတယ်။ အဲတော့ ဗုဒ္ဓဘာသာနိုင်ငံမို့ ပြည့်တန်ဆာကို အသိအမှတ်မပြုရဘူးဆိုတာကတော့ နည်းလမ်းမကျဘူး။အခြားအကြောင်းပြချက် ရှာသင့်တယ်လို့ထင်တယ်။ ပြည့်တန်ဆာဥပဒေကို ပြဋ္ဌာန်းဖို့လိုအပ်တယ်လို့ထင်ပါသလားဘုရားတဲ့။ ဒါကတော့ ဒကာကိုယ်တိုင် ပြည့်တန်ဆာဖြစ်ကြည့်မှပဲ လိုမလိုသိလာပါလိမ့်မယ်လို့ ဖြေပေးလိုက်တယ်။ အရှင်ခေမာနန္ဒ(မိုးသု-မန္တလေး)

No comments: