မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, October 3, 2013
ရေနစ်သေဆုံး
ရေနစ်သူအားဆင်းဆယ်ရာမှ ဆယ်ယူသူရေနစ်သေဆုံး
နေပြည်တော်၊ အောက်တိုဘာ ၂
၃၀-၉-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် နတ်မောက်မြို့၊ တမာပင်ရပ်ကွက်၊ ဗိုလ်တေဇ အားကစားကွင်း အရှေ့တောင်ဘက်(၇)ဖာလုံခန့်အကွာ ရိုးချောင်းအတွင်း အကျယ်(၁၅)ပေ၊ အနက်(၁၈)ပေခန့်ရှိ ရေအိုင်ထဲတွင် နတ်မောက်မြို့၊ တမာပင်ရပ်ကွက်နေ အောင်ဇော်ထွန်း(ခ)ဘိုထွန်း(ခ)လက်ပွား(၃၀)နှစ် ရေနစ်သေဆုံးနေကြောင်း ဖခင်ဖြစ်သူ ဦးဝင်းကြည်မှ ရဲစခန်းသို့လာရောက်သတင်းပို့သဖြင့် နတ်မောက် မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ သေဆုံးသူ အောင်ဇော်ထွန်း (ခ)ဘိုထွန်း(ခ)လက်ပွားသည် ၎င်းတို့ပိုင်နေကြာခင်းသို့ မိခင်ဖြစ်သူ ဒေါ်သန်းအေး၊ တစ်ရပ်ကွက်တည်းနေ မ၀င်းဝင်းနွယ်၊ မတယ်စေ့မ(ခ)မသင်းသင်းအေးတို့နှင့်အတူ နေကြာပွင့်များရိတ်နေစဉ် မတယ်စေ့မ(ခ) မသင်းသင်းအေးမှာ နေကြာခင်း တောင်ဘက်ရှိ ရိုးချောင်းအနီး ရပ်ထားသောလှည်းပေါ်မှ ရေဗူးယူရန် သွားစဉ် ရေအိုင်ထဲသို့ ခြေချော်ပြုတ်ကျရေနစ်ခဲ့သဖြင့် အောင်ဇော်ထွန်း(ခ)ဘိုထွန်း(ခ)လက်ပွားမှ ဆင်း၍ဆယ်ခဲ့သည်။ ထိုသို့ဆယ်ခဲ့သဖြင့် မတယ်စေ့မ(ခ)သင်းသင်းအေးမှာ ကမ်းစပ်သို့ရောက်ရှိပြီး ဒေါ်သန်းအေးမှ ဆယ်ယူနိုင်ခဲ့ကာ ရေအိုင်တွင်းဆင်းဆယ်သူ အောင်ဇော်ထွန်း(ခ)ဘိုထွန်း(ခ)လက်ပွားမှာ ရေနစ်သေဆုံးခဲ့ကြောင်းစစ်ဆေးတွေ့ရှိရသဖြင့် နတ်မောက်မြို့မရဲစခန်း၊ သေမှုသေခင်း အမှတ်စဉ် (၈/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသတင်းရရှိသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment