မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, October 3, 2013
အလုပ်ရမည်ပြောကာငွေလိပ်
အလုပ်ရမည်ပြောပြီး ငွေလိမ်သူအား အရေးယူထား
နေပြည်တော်၊ အောက်တိုဘာ ၂
၂၁-၉-၂၀၁၃ ရက်နေ့ ၀၇၃၀ အချိန် တောင်တွင်းကြီးမြို့နယ်၊ ဆီမီးထွန်းအုပ်စု၊ သဲဖြူ ကျေးရွာနေ မမိုင်မော်မော်နိုင်(၂၁)နှစ်ပါ(၅)ဦးအား တစ်ရွာတည်းနေ ဦးကာလဲ့၏နေအိမ်တွင်ရောက်ရှိ နေသည့် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်နေ ကိုမင်းမင်း(၃၃)နှစ်က မြန်မာ့စီးပွားရေးဘဏ်တွင် အလုပ်ရမည်ဟုပြောသဖြင့် ငွေကျပ်(၁၄)သိန်းအား ပေးအပ်ခဲ့သည်။ ထိုသို့ပေးအပ်ပြီး မင်းမင်းသည် ၂၉-၉-၂၀၁၃ ရက်နေ့ ၁၄၀၀ အချိန် ၎င်းကျေးရွာသို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသောကြောင့် မမိုင်မော်မော်နိုင်ပါ(၅)ဦးမှ အလုပ်ကိစ္စနှင့်ပတ်သက်၍မေးရာ (၂၀၁၃)ဟုသာပြောပြီး ယခုအချိန်ထိ အလုပ်မရရှိဘဲ ငွေကျပ်(၁၄)သိန်းအား လိမ်လည်သွားသောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သဖြင့် မင်းမင်းအား ဆတ်သွားနယ်မြေရဲစခန်း(ပ)၁၁၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment