မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, October 3, 2013
ကိုယ်လောပဲပြောနေကြ
၁။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ပါဆိုသူတွေရော၊ မပြင်ပါနဲ့ ဆိုသူတွေရော အခြေခံဥပဒေကို နိုင်ငံတကာအခြေခံဥပဒေတွေနဲ့ နှိုင်းယှဉ်လေ့လာပြီး ပြောနေတာမဟုတ်။ ဟိုလူတွေရေးသွားလို့၊ မေမေစု အာဏာမရအောင်လုပ်ထားလို့ စသဖြင့် “ကိုယ့်လိုဘ” ပေါ်မှာ အခြေခံပြီး ပြောနေကြတာဖြစ်တယ်။ ဖြစ်သင့်တာ ဘာလဲ ဆိုတာ ဘယ်သူမှမကြည့်။ ထပ်ပြောမယ်။ နှစ်ဘက်စလုံးအတူတူပဲ။
၂။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဖို့ ပြည်သူဆန္ဒကောက်ရအောင် ပြည်သူက ဘာသိလို့တုန်း။ ပြည်သူ့ကိစ္စလား။ တကယ်က ဒါက ပညာရပ်ဆိုင်ရာကိစ္စ၊ ဘယ်မလဲ၊ ပညာရှင်။ ဖွဲ့စည်းပုံပြင်ရအောင် ဖွဲ့စည်းပုံသည် ပြည်သူလူထုဘ၀ကို ဘယ်လောက်ဖိစီးနှိပ်စက်နေလို့လဲ။ ဖွဲ့စည်းပုံကြောင့် ဘယ်လောက်ဒုက္ခရောက်နေလို့လဲ။
၃။ ပြည်သူကတော့ အခြေခံစားဝတ်နေရေး ပြည့်စုံအောင် လုပ်ပေးနိုင်ရင် ဘယ်သူအုပ်ချုပ်ချုပ် လက်ခံမှာပဲ။ အာမခံချက်တွေ အလီလီပေးပြီး တက်လာတော့ ဒုံရင်းပဲ။ အသစ်တက်လာတဲ့ကောင်ကလည်း င၀ါးပဲဆိုရင် “မဖြစ်လို့သာ မဲပေးရတယ်၊ ဘယ်ခွေးမသားမှ မယုံဘူး” ဆိုတာထက် ပိုမှာမဟုတ်။
၎။ အန်အယ်ဒီက သယံဇာတတွေရောင်းဘူးလို့လား၊ ငွေတွေ ခိုးစုလို့လား၊ လူသတ်ဖူးလို့လား၊ သံဃာသတ်ဖူးလို့လား စတာတွေ မမေးပါနှင့်။ အာဏာရလာလျှင်၊ အာဏာမက်သွားလျှင် လူတိုင်း အာဏာရှင်ဖြစ်သွားနိုင်သည်။ ဒေါ်စုတစ်ယောက်ထဲ ယုံပြီး နောက်က ငတုံးတွေကို မပုံရဲပါ။ ပုံစေချင်လျှင် အာမခံချက်ပေးပါ။ (ဆေးကြော်ငြာ အာမခံချက်မျိုး လာမပေးပါနှင့်။ အလုပ်ဖြင့် သက်သေပြပါ၊ အခုထိတော့ မမြင်)
၅။ ပြင်ဟပြင်ဟ ဆိုတိုင်း ပြင်ရလျှင် အစိုးရတစ်ခုတက်တိုင်း ဖွဲ့စည်းပုံ တစ်ခါပြင်နေပါလိမ့်မည်။ (မပြင်နဲ့ဟု တားနေခြင်း မဟုတ်။ အကြောင်းပြချက် ကောင်းကောင်းပေးပါ။ ပညာရှင်ပြပါ)
၆။ ဟိုဘက်က အာဏာရှင်ရော၊ ဒီဘက်က အာဏာရူးရော မယုံ။ ထပ်ပြောရရင်။ ခင်ဗျားတို့ လုနေကြတာ ကျုပ်တို့ ပြည်သူရဲ့ အာဏာ။ ဒါပဲ...။
( Credit to သက္ကမိုးညို )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment