Tuesday, October 1, 2013

ဘုန်းကြီးတွေ အမျိုးစောင့်ဥပဒေနဲ့ပတ်သတ်၍

တို့ ဘုန်းကြီးတွေ အမျိုးစောင့် ဥပဒေနဲ့ ပတ်သက်ပြီး တညီတညွတ်ထဲ လှုပ်ရှားနေရတာက နိုင်ငံ အပြောင်းအလဲကြောင့်ပါ။ နိုင်ငံ အပြောင်းအလဲမှာအမျိုးဘာသာ သာသနာရေးနဲ့ ပတ်သက်ပြီး ခပ်ပေါ့ပေါ့ လုပ်နေကြတဲ့ သူတွေရှိနေတယ်။ အခု ဒီမိုကရေစီ လှုပ်ရှားမှုမှာပဲ ကြည့်လေ တိုင်းရင်းသား မဟုတ်တဲ့ သူတွေက ထိပ်ကပြေးနေတယ်။ ဒါ ဘာလို့လဲဆိုရင် .. သူတို့ အတွက် အခွင့်အရေးတစ်ခုပဲ၊ လုပ်မှာပဲ သူတို့လဲ သူတို့နည်း သူတို့ ဟန်နဲ့၊ သူတို့ တိုးတက်ဖို့တွက်ပဲလေ။ လုပ်ပေါ့... ငါတို့ ဘုန်းကြီးတွေ ဒီမိုကရေစီကို မမုန်းပါဘူး၊ ဒီမိုကရေစီမိခင်လို့ခေါ်တဲ့ ဒေါ်စုကိုလဲ မမုန်းပါဘူး။ တရားမျှတဲ့ ဒီမိုကရေစီကို ချစ်မြတ်နိုးပါတယ်။ ဒီမိုကရေစီနဲ့ပတ်သက်လာရင် တို့ ဘုန်းကြီးတွေရဲ့ သမိုင်းက ပူပူနွေးနွေးပဲ ရှိပါသေးတယ်။ နိုင်ငံ အပြောင်းအလဲမှာ ကောင်းကျိုး ဆိုးကျိုးတွေက ဒွန်တွဲ ပြီး ပါလာမှာ ဖြစ်တော့၊ ပါလဲ ပါလာပါတယ်၊ ကောင်းကျိုးတွေကို ကြိုဆိုပြီး ဆိုးကျိုးတွေကို ၀ိုင်းဝန်းကာကွယ်ကြဖို့ တစ်ဦးချင်းစီမှာ တာဝန် ရှိတယ်ဆိုတာ မမေ့ပါနဲ့။ အခု အမျိုးစောင့် ဥပဒေဆိုတာ အမျိုးဘာသာ သာသနာအတွက် ဖြစ်လာမယ့် အန္တရာယ်ကို ကြိုတင် ကာကွယ် တာဆီးတဲ့ သဘောပါ။ ဒါကြောင့် နိုင်ငံအပြောင်းအလဲမှာ ဘာသာရေး အမျိုးသားရေးအတွက် ခပ်ပေါ့ပေါ့ သဘော မထားပဲ အလေးအနက်ထားပြီး စဉ်းစားစေချင်ပါတယ်။ ....................................အရှင်သောပါက၊ ပြင်ဦးလွင်

No comments: