Tuesday, October 1, 2013

တိုင်းပြည်အတွတ် ဟာသ

* Political Joke of the Day * ================ "တိုင်းပြည်အတွက်" နိုင်ငံရေးသမားတဦး မဲဆွယ်တရားဟောနေတယ်မဟုတ်တာတွေရော ဟုတ်တာတွေရော ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောနေတော့ နားထောင်နေတဲ့ ဦးလေးကြီးတယောက်က နားကြားပြင်းကပ်လာတယ်နဲ့ တူပါတယ် ဝင်ပြောပါလေရော..."မင်းတို့ ကတိတွေပေးပြီး တိုင်းပြည်အတွက်ဘာမှလည်း လုပ်ပေးတာ မဟုတ်ဘဲနဲ့ "နိုင်ငံရေးသမားလည်း ရှက်သွားပြီး ပြန်ရမ်းတယ်..."ကျနော့်ကိုကျပြောတယ်၊ ဦးလေးရော တိုင်းပြည်အကျိုးရှိအောင် လုပ်ပေးဖူးတာ ရှိလား" "ရှိတာပေါ့ကွ၊ ငါတတ်နိုင်တာ လုပ်ပေးခဲ့တယ်" "ဘာလုပ်ခဲ့တာလဲ" "ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မင်းကို မဲမပေးဘဲ ရှောင်ခဲ့တယ်လေ" "ဟင်...၊ ကဲ ထားပါတော့၊ ဒါဆို တိုင်းပြည်ရှေ့ရေးကောင်းအောင် ကျနော့်အနေနဲ့ ဘာလုပ်ပေးရမလဲ" "ခု လာမယ့် ရွေးကောက်ပွဲ ဝင်မပြိုင်နဲ့" "ဂျာ" ဟာသဗိမာန်-ဆရာသန် သန်၎ကို-ဘာသာပြန်သည် https://www.facebook.com/thanlayko

No comments: