Wednesday, October 2, 2013

သံတွဲကစနေပြီး

သံတွဲ ဘာသာရေး ပဋိပက္ခဂရက် ကျေးလက်များသို့ စတင်ကူးစက်... =================================== ယနေ့နေ့လည်ပိုင်းက တောင်ကုတ်-သံတွဲ ကားလမ်းမပေါ် သံတွဲမြို့နယ်အပိုင် ရွှေလေ တံတား အနီးရှိ ရွှေလေကျေးရွာတွင် ဘင်္ဂလီများနှင့် ရခိုင်လူမျိုးများ ပဋိပက္ခ ဖြစ်နေပြန်ပြီဟု ဒေသခံ တစ်ဦးက ဖုန်းဖြင့် သတင်းပို့ပေးသည်။ အဆိုပါ ရွှေလေ ကျေးရွာမှာ ဘင်္ဂလီ နှင့် ရခိုင်လူမျိုးများ တစ်ဝက်ခန့်စီ နေထိုင်သော အရပ်ဒေသလည်း ဖြစ်သည်။ ယခု ထပ်မံ ဖြစ်ပွါးသော ပဋိပက္ခများ ဖြစ်ပွါးရခြင်းမှာ သံတွဲမြို့ပေါ်၌ ဘင်္ဂလီလူမျိုးတစ်ဦး၏ အိမ်ရှေ့တွင် သုံးဘီးဆိုင်ကယ် ရပ်နားရာမှ စတင်ခဲ့သည်ဟု သတင်းမီဒီယာများတွင် ဖေါ်ပြခဲ့သော်လည်း အဆိုပါ ကိစ္စ မတိုင်ခင် တစ်ပတ်ခန့်က ရမ်းဗြဲမြို့နယ်အပိုင်အတွင်းရှိ ကျွန်းဒလောင်း အနီးတွင် အသတ်ခံထားရသော ရခိုင်လူမျိုးအလောင်း ၄ လောင်းကို ရေခဲပုံးအတွင်း ထည့်ပြီး ပစ်ထားခဲ့သည်ကို ဒေသခံ ရခိုင်လူမျိုးများ တွေ့ရှိသွားရာမှ မကျေမနပ်မှုများ စတင်လာခြင်း ဖြစ်သည်ဟုလည်း အဆိုပါ ဒေသခံက ဆိုသည်။ (ဇော်လွင်ဝင်း)Zaw Lwin Win (Facebook မှ ဖော်ပြသည်)

No comments: