Wednesday, October 2, 2013

ရီမောစရာဟာသလေးများ

ဒီနေ့တော့ .... မနက်စာ အိမ်မှာ မစားချင်လို့ ဆီဒိုးနားမှာပဲ စားဖြစ်ခဲ့တယ် အဲ့က ပြန်လာတော့ လမ်းဘေးက အအေးဆိုင်မှာ ဝင်သောက်တာလေ ဆိုင်က စားပွဲခုံက မြေမညီလို့ဆိုပီး ပိုက်ဆံအိတ်ထဲက တသောင်းတန်တအုပ်ထုတ်ပီး ခုလိုက်ရတယ် ပီးတော့ ပြန်ယူရမှာ ပျင်းတာနဲ့ ထားခဲ့လိုက်တယ် ပီးတော့ အိမ်မှာနေရင်း ပျင်းတာနဲ့ အိုင်ဖုန်း 5s နဲ့ galaxy ဘယ်ဟာပိုမာသလဲစမ်းပီး တူနဲ့ ထိုင်ထုနေတာ နှစ်ဆယ့်ငါး လုံးလောက်ပဲ ထုရသေးတယ် မောလာလို့လေ ခဏနားပီး ပျင်းလာပြန်ရော အာ့တာနဲ့ ငါးထောင်တန်တွေ မီးထိုင်ရှို့တာ အိမ်ကမီးခြစ်တွေပဲ ဂတ်စ်ကုန်သွားတယ် ငါးထောင်တန်က မကုန်ဘူး အာ့တာ စိတ်တိုတိုနဲ့ အိမ်မှာရှိတဲ့ကားငါးစီးကို ဒရိုင်ဘာတယောက်စီနဲ့ ငါက တစ်စီးမောင်းပီး ခြံထဲတင် တိုက်ကားမောင်း လိုက်တယ် ပီးတော့ ဇယ်ခုတ်တိုင်းကစားချင်လာလို့ ဟိုတခါ မာမီပေးတဲ့ အခေါက်ရွှေတုံးလေး ခုနစ်တုံးနဲ့ ဇယ်ခုတ်နေတုန်း လာတောင်းတဲ့ ကလေးလေးကို ဆော့ဖို့ ပေးလိုက်တယ်လေ အာ့အချိန်မှာပဲ Girl Generation က တွေ့ချင်တယ်လို့ ဖုန်းဆက်တာ ငါမအားသေးဘူးလို့ ပြောလိုက်ရတယ် ရေချိုးတော့လဲ ရွှေနဲ့လုပ်ထားတဲ့ bath tub က နဲနဲ သက်တောင့်သက်သာ မရှိသလို ဖြစ်နေလို့ ပလက်တီနမ်နဲ့ ပြန်လုပ်ခိုင်းရတယ် ညနေကျတော့ ရှမ်းပြည်ဘက်ကို လမ်းလျှောက်ထွက်ချင်လို့ ကိုယ်ပိုင်လေယာဉ်နဲ့ ပဲ ထွက်ဖြစ်တယ် ရှမ်းပြည်ဘက်ရောက်တော့ ipad နဲ့ သီချင်းနားထောင်ရင်း လမ်းလျှောက်နေတုန်း အကြော်သည်မလေးက အကြော်အားပေးပါဦးဆိုလို့ ပိုက်ဆံလဲမပါတာနဲ့ ipad နဲ့ အကြော်နဲ့လဲစားလိုက်တယ် ညကျတော့ အိပ်မလို့ အခန်းထဲဝင်တာ ကုတင်က စိန်တလုံးပြုတ်နေတာ တွေ့လို့ ပတ္တမြား ကုတင်နဲ့ လဲလိုက်ရသေးတယ် မနက်ဖန်တော့ မနက်စောစော ကမ်းခြေဘက် နေပူစာလှုံမယ်လို့ စိတ်ကူးထားတယ် နေ့လည်စာကိုတော့ ကိုးရီးယားမှာ စားမလို့ 2NE1 က လေယာဉ်လွှတ်ပေးမယ်တဲ့ အော် အရေးထဲ ငါ့အချစ်တော်ခွေးလေးက အခန်းထဲမှာ သေးပေါက်သွားပြန်ပီ ပြင်သစ်က ဝယ်လာတဲ့ ဈေးပေါတဲ့ ဒေါ်လာ နှစ်သောင်း တန်ရေမွှေးဖျန်းလိုက်ဦးမှ ကဲ အိပ်တော့မယ်နော် ပဲရစ်ဟီလ်တန်က သူ့ဟိုတယ်မှာ လာအိပ်ပါတဲ့ ဒါပေမဲ့ ကိုယ့်အိမ်လောက် ဘယ်နေရာမှ မကောင်းဘူးလေ.. မူရင်း >>ဂုန်နီအိတ် ~Waillian Phyo~ ရီမောစရာဟာသလေးများ

No comments: