Friday, September 13, 2013

သမ္မတကြီး ဦးသိန်းစိန် နိုင်ငံရေးကစားကွက်များကြား ပျော်မွေ့နေပါသည်။ စားပွဲဝိုင်းပေါ်က ငြိမ်းချမ်းရေး အမည်ခံ ရှမ်ပိန် ခွက်များကြား သဘောကျနေပါသည်။ ငြိမ်းချမ်းရေး နိုဘယ်ဆုဆိုတာကြီးကိုလည်း မျှော်လင့်နေပါသည်။ ဦးရွှေမန်းက တမကြီးတည်း အမကြီး အမကြီး နှင့်သာ မနေပါသည်။ ဦးအောင်မင်းက တရုတ်ကြီးကို ကြောက်နေပါသည်။ လူတွေက ဘောင်းဘီချွတ်အစိုးရသာပြောပေမယ့် လူတွေအပြောသာရှိပါသည်။ တပ်မတော်သားတွေ အထူးသဖြင့် မြောက်ပိုင်းတိုင်းက တပ်မတော်သားတွေရဲ့ ခံစားရတာတွေကို ဒါလည်းပြီးသွားမှာပါ သဘောနှင့် လက်ပိုက်ကြည့်ကာ ရယ်မောနေကြပါသည်။ သို့ဖြစ်ပါ၍ ကချင်ပြည်နယ်အတွင်း အကြောင်းမယ့် ကျဆုံးကုန်သော ညီနောင်ရဲဘော်များအတွက် လှည့်မကြည့်အားတော့ပါ။ ညီနောင်တို့ ဘယ်လောက်သေသေ ဘယ်တော့မှ တိုက်မှာ မဟုတ်ပါ။ ငြိမ်းချမ်းရေးသာတွင်တွင်ပြောပြီး မည်မျှ သဘောထား ပျော့ညံ့ကြောင်း စစ်သားစိတ် အပြည့်မရှိတော့ပဲ နိုင်ငံရေးလောကမှာ နိုင်ငံရေးသမားတစ်ဦး အနေနဲ့သာ လုပ်ကိုင်ဆောင်ရွက်ပုံက ပေါ်လွင်နေပါပြီ။ ကြားထဲက မြေစာပင်ဖြစ်ရသော ကျဆုံးခဲ့ရတဲ့ ရဲဘော်များအတွက် စိတ်မကောင်းအလွန်ဖြစ်မိပါသည်။ မယုံလျှင်ကြည့်ပါ ဦးသိန်းစိန် မကြာမီကာလအတွင်း ရေဒီယိုမိန့်ခွန်းပြော၍ ငြိမ်းချမ်းရေး စကားကို ထပ်မံပြောဦးပါမယ်။ ၂၀၁၅ အထိ သည်းခံကြကုန် (သို့မဟုတ်) KIA လုပ်သမျှ ခံကြရပေဦးပေါ့။ အတော်လေး ခံစားရလို့ ဒီစာရေးပါတယ်... နိုင်ငံတော်သမ္မတကို ဘယ်လိုမှ သဘောမတွေ့တော့ပါ နိုင်ငံရေးကစားကွက်တွေသာ တွင်တွင်ကစားပြီး တပ်မတော်သားများ၏ ခံစားချက်များကို လုံးဝ (လုံးဝ) လစ်လျူရှုထားသည်ဟု မိမိယုံကြည်ပါသည်။ ဝေဟင်ချစ်သူ

No comments: