Friday, September 13, 2013

တိုင်းရင်းသား လက်နက်ကိုင်ပဲပြောပြော တိုင်းရင်းသား ခေါင်းဆောင်တွေလို့ပဲပြောပြော KIA ဆိုတာ တရုတ်အားကိုးနဲ့ မိုက်နေတဲ့ သူပုန်တွေလို့ပဲ ကျွန်တော်မြင်တယ်။ ငြိမ်းချမ်းရေးဆိုတဲ့ စကားက ဒီကောင်တွေနဲ့ တန်ကိုမတန်တာ။ အစောကြီးကတည်းက လိုင်ဇာကို အပြတ်တွယ်ရမှာ။ Mi 35 တွေ K-8 တွေ အစွမ်းပြခဲ့လို့ ငြိမ်းချမ်းရေးစကားဝိုင်းထဲ မရောက်ချင်ရောက်ချင်နဲ့ ရောက်လာတဲ့ကောင်တွေပဲ။ ဒီကောင်တွေက သစ်ထုတ်လို့ရတယ်လေ၊ ကျောက်စိမ်းလည်းတူးလို့ရတယ်။ ဘာ အခွန်မှ ဆောင်စရာမလိုဘူး။ မိုက်ကြေးခွဲချင်တိုင်းခွဲလို့ရနေတဲ့ ကောင်တွေဆိုတော့ ငြိမ်းချမ်းရေးရပြီး တကယ် ပါတီထောင် နိုင်ငံရေးလုပ် တရားဝင် စီးပွားရေးလုပ်ဖို့ အဆင့်အတန်းမရှိတော့ ဘယ်ငြိမ်းချမ်းချင်မလဲ။ ကချင်ပြည်နယ်က ဒီကောင်တွေ ပိုင်တာပါလို့ပြောရရင် ဒီကောင်တွေ တပ်ဖွဲ့ဝင် ၈၀ ရာနှုန်းလောက်က အတင်းအဓမ္မပေါ်တာကောက်လာခဲ့တဲ့ ကောင်တွေ။ တပ်မတော်ကမှ အခု UN နဲ့ ပေါင်းပြီး ကလေးစစ်သား ပပျောက်ရေး ဆောင်ရွက်နေသေးတယ်။ ဒီကောင်တွေက ဓါးမြတွေဆိုတော့ ကလေးစစ်သားမှန်းမသိ ဘာမသိ သေနပ်ကိုင်နိုင်တဲ့ အရွယ်အားလုံးဆွဲထည့် လုပ်ချင်တာလုပ်မယ့်ကောင်။ သူတို့ဘက်မှာ နာစရာမရှိဘူး။ UN က သူပုန်ဆိုတော့ ကန့်ကွက်လို့မရ။ တရုတ်ကြီးကလဲရှိ အစိုးရကချရင်လဲ နိုင်ငံတကာရှေ့ငိုပြနဲ့။ ဒီကောင်တွေကို ကချင်တစ်တိုင်းလုံးက ထောက်ခံလို့လား။ ဒါဆို ဒီကောင်တွေ သတ်လို့ သေဆုံးခဲ့တဲ့ ကချင်လူမျိုးစစ်စစ် မပခ တိုင်းမှူးကို ဘယ်လိုပြောမလဲ။ အာဏာလိုချင်တဲ့ လက်တစ်ဆုတ်ကောင်တွေပါပဲ။ ခုကော ကချင်လူမျိုး မြန်မာ့တပ်မတော်သားတွေကို ဘယ်လိုပြောမလဲ KIA မှကချင်စစ်တာလား။ ခုလဲ မိုင်းဆွဲတယ်။ ချုံခိုတိုက်တယ်။ အရာရှိသုံ့ပန်းကို လူမဆန်စွာ သတ်တယ်။ အဲဒီလို လူမျိုးကို ငြိမ်းချမ်းရေး စကားဝိုင်းထဲ ဆွဲထည့်ဖို့မတန်ဘူးလေ။ 'ဒီကောင်တွေက ကချင်တစ်မျိုးသားလုံးကို ကိုယ်စားမပြုတာအမှန်ပဲ။ အမှန် ဒီမိုကရေစီနိုင်ငံ မကူးခင် ဒီကောင်တွေ အားလုံးကို အမြစ်ဖြတ်ခဲ့ရမှာ။ ခုလည်း ဖိလစ်ပိုင်ခွဲထွက် သူပုန်တွေကို ဖိလစ်ပိုင်စစ်တပ်က ချနေပြီပဲ။ ဘယ်ကောင်တွေက လူ့အခွင့်အရေးတို့ တိုင်းရင်းသားတွေပါလို့ အော်နေလဲ။ သူပုန်ဟာ သူပုန်ပဲ။ ၂၈.၈.၂၀၁၃ ခုနှစ်က လူမဆန်စွာ သတ်ဖြတ်ခံရလို့ ကျဆုံးသွားခဲ့ရတဲ့ မြန်မာ့တပ်မတော်က ညီငယ်အရာရှိ ဗိုလ် ဇော်မျိုးထက် (DSA ၅၂) အတွက် အလွန်ဝမ်းနည်းမိပါတယ်။ ညီလေးလို လူမသိ သူမသိ နိုင်ငံတော်နဲ့ ပြည်သူအတွက် အသက်ပေးခဲ့ရတဲ့ တပ်မတော်သားတွေ အများကြီးပါ။ ဒီသူရဲကောင်းတွေ အားလုံးအတွက် အစဉ်အမြဲ လေးစားဂုဏ်ယူလျက်ပါ။ ကောင်းရာသုဂတိလားပါစေ။ ဝေဟင်ချစ်သူ www.facebook.com/theuseofforce

No comments: