Wednesday, September 18, 2013

မွတ်ဆလင်တွေသေကုန်ပြီး

ရှီးယားမွတ်စလင် အများစုနေထိုင်ရာဒေသများ ဗုံးခွဲတိုက်ခိုက်ခံ ရသောကြောင့် လူအများအပြားသေဆုံး Wednesday, September 18, 2013 အီရတ်နိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားခဲ့သည့် ဗုံးကွဲတိုက်ခိုက်မှုများကြောင့် လူ ၄၀ ကျော်သေဆုံးခဲ့ပြီး၊ တိုက် ခိုက်မှုအများစုမှ ရှီးယားမွတ်စလင်များ နေထိုင်သည့် နေရာများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အာဏာ ပိုင်များက ပြောကြားလိုက်ကြောင်း စက်တင်ဘာ ၁၇ ရက်က အေအက်ဖ်ပီ သတင်းဌာနမှဖော်ပြထားသည်။ ဗုံးခွဲတိုက်ခိုက်ရာတွင် သေဆုံးခဲ့ရသူများ၏စာရင်းအား ဘဂ္ဂဒက်မြို့တော် တောင်ပိုင်းရှိ ဟေလာမြို့တွင် ဖော်ပြထားသည်။ ထိုမြို့ရှိဈေးတစ်ခုတွင် ကားနှစ်စီးဖြင့် ဗုံးခွဲတိုက်ခိုက်ရာ အရပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ရသည်။ တခြား ဗုံးပေါက်ကွဲမှုများမှာ ဘဂ္ဂဒက်မြို့အပြင် နိုင်ငံတောင်ပိုင်းရှိ ဘက်စ်ရာမြို့၊ နာဆာရီရာမြို့နှင့် ကာဘလာမြို့များတွင် ဖြစ်ပွားခဲ့သည်။ မကြာသေးခင် ကာလအတွင်း အီရတ်နိုင်ငံအနှံ့အပြားတွင် ဘာသာရေးအဓိကရုဏ်းများ ပျံ့နှံ့ခဲ့ပြီး ၂၀၀၈ ခုနှစ်နောက်ပိုင်းတွင် အမြင့်ဆုံးဖြစ်သည်။ ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ဗုံးခွဲ တိုက်ခိုက်မှုများကြောင့် လူပေါင်း ၅၀၀၀ ထက် မနည်း သေဆုံးခဲ့ရပြီး သြဂုတ်လ တစ်လ တည်းတွင်ပင် ၈၀၀ ခန့် သေဆုံးခဲ့သည်ဟု ကုလသမဂ်္ဂမှ ဖော်ပြထားသည်။ ဘဂ္ဂဒက်မြို့တောင်ဘက် မိုင်ခြောက် ဆယ်အကွာဟေလာမြို့ရှိ လူထူထပ်သော ဈေးတစ်ခုအနီးတွင် ကာ ဗုံးပေါက်ကွဲမှုနှစ်ခု ဆင့်ကဲဖြစ်ပွားခဲ့သည်။ “ဆိုင်မှာ ကျွန်တော့်ကို ဈေးကူရောင်းပေးနေတဲ့သားဆီကို ပြန်ပြေးကြည့်တော့ အခြားသူတွေနဲ့အတူ သွေးသံရဲရဲနဲ့ တွေ့လိုက်ရပါတယ်။ ကျွန်တော့်ဆိုင်ဆိုရင် အစအနတောင် မတွေ့ရတော့ပါဘူး” ဟုလည်း Abu Ahmed က ပြောကြားလိုက်သည်။ လွန်ခဲ့သော စနေနေ့ကလည်း Nineveh ပြည်နယ်မြို့တော် မိုဆူအနီးရှိ ရှာဘက်မျိုးနွယ်စုဝင် တစ်ဦး၏ အသုဘအား ဦးတည်တိုက်ခိုက်ရာ လူပေါင်း ၂၀ ထက်အနည်း သေဆုံးခဲ့ရသည်။ ရှာဘက်လူမျိုးစုများမှာ ရှီးယားအစ္စလာမ်ဘာသာအပေါ် သက်ဝင်ယုံကြည်သူများဖြစ်ပြီး လူမျိုးစုဝင်ပေါင်း ၅၀၀၀၀ ၀န်းကျင်ရှိသည်။ ဆွန်နီစစ်သွေးကြွမျာမကြာခဏဆိုသလိုတိုက်ခိုက်လေ့ရှိသည်။ Mizzima - News in Burm

No comments: