Saturday, September 14, 2013

နိုင်ငံရေး

* ငြိမ်းချမ်းခြင်းရဲ့ အဓိပ္ပါယ် မငြိမ်းချမ်းသေးတဲ့အခါ သိလိမ့်မယ် * ==================================== ကုလားတွေကလဲ ရက်ရက်စက်စက်အသတ်ခံထားရတဲ့ကုလားအလောင်းပုံတွေတင်လိုက် ဗမာတွေကလဲ ရက်ရက်စက်စက်အသတ်ခံထားရတဲ့ဘုန်းကြီးအလောင်းပုံတွေတင်လိုက် စစ်သားတွေကလဲ ရက်ရက်စက်စက်အသတ်ခံထားရတဲ့စစ်သားအလောင်းပုံတွေတင်လိုက် သူပုန်တွေကလဲ ရက်ရက်စက်စက်အသတ်ခံထားရတဲ့သူပုန်အလောင်းပုံတွေတင်လိုက် ၈၈ တွေကလဲ ရက်ရက်စက်စက်အသတ်ခံထားရတဲ့ကျောင်းသားကျောင်းသူအလောင်းပုံတွေတင်လိုက် အစိုးရကလဲ ရက်ရက်စက်စက်အသတ်ခံထားရတဲ့လုံထိန်းအလောင်းပုံတွေတင်လိုက် - - ကျုပ်သာနိုင်ငံခြားသားဆိုရင် ဒီလိုနိုင်ငံမျိုးကိုငွေကုန်ခံပြီး လာမလည်ဘူး Credit > Paw Lwin ဒါတွေဟာဘယ်သူမှငြင်းလို့မရတဲ့ လက်ရှိကျွန်တော်တို့နိုင်ငံမှာ အမှန်တကယ် ဖြစ်ပျက်နေတာတွေပါ ။ ဒီအခြေအနေတွေဟာ ဘာကြောင့်ဖြစ်ပေါ်နေရတာပါလဲ။ ကျွန်တော်တို့ ဒီအခြေအနေတွေကို ဘယ်လိုရင်ဆိုင် ကျော်လွှားပြီး အေးချမ်းသာယာပြီး ခေတ် မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးဆီကို အရောက် သွားနိုင်ကြမှာပါလဲ ။ အားလုံး စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ် နဲ့ စိတ်ဝမ်းမကွဲ ဘဲအတူလက်တွဲနိုင်ကြရပါမယ်။ စည်းလုံးခြင်းသာ ပဓါနပါ ။ နို့မဟုတ်ရင်ရွှေပြည်တော် မျှော်လေတိုင်းဝေးနေအုံးမှာပါ ။ ဒါကကျွန်တော့် အမြင်ပါ။ အမြင်မတူသူတွေ ဝေဖန်ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။ မြန်မာပြည်ကြီး စာရွက်ပေါ်မှာ မဟုတ်တဲ့ တကယ့်လက်တွေ့ ငြိမ်းချမ်းရေး အစစ်အမှန် အမြန်ဆုံး ရှိပါစေ။ ပြည်သူများလည်း ဘေးဘယာ ဝေးကွာပြီး ငြိမ်းချမ်းရေး၏ အသီးအပွင့်များကို အပြောမဟုတ်ဘဲ ကိုယ်တွေ့ အမြန်ဆုံး ခံစား စံစားနိုင်ကြပါစေ။် Admin

No comments: