Thursday, September 19, 2013

ရှင်းလင်းကုန်ပြီး

၁၁ ဘီလျံကိစ္စနှင့် သက်ဆိုင်သည့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းပွဲ ပြုလုပ်မည် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းမည့် ရှင်းလင်းပွဲ တစ်ရပ်ကို နေပြည်တော်၌ ကျင်းပမည်ဖြစ်ပြီး အဆိုပါ ရှင်းလင်းပွဲတွင် ဘဏ်စာရင်း ငါးခု၊ ဒေါ်လာ ၁၁ ဘီလျံကိစ္စကို မေးမြန်းနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ နိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းပွဲကို စက်တင်ဘာ ၂၀ ရက်၌ နေပြည်တော်ရှိ စက်မှုဝန်ကြီး ဌာနတွင် ကျင်းပမည်ဖြစ်ကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။ ဘဏ္ဍာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆက်သွယ် ပြောကြားရာတွင် နိုင်ငံ့ဘဏ္ဍာရေးနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်မည်ဖြစ်ပြီး အဆိုပါ ရှင်းလင်းပွဲတွင် ဘဏ္ဍာရေးနှင့် ပတ်သက်သည့် မေးခွန်းများအားလုံး မေးမြန်းနိုင်ကြောင်း၊ မေးခွန်းများ ကြိုတင်ပေးပို့ ထားလျှင်လည်းရကြောင်း သို့မဟုတ် ရှင်းလင်းပွဲရောက်ရှိမှလည်း မေးမြန်းနိုင်ကြောင်း၊ မေးခွန်းကြိုတင် ပေးပို့မည်ဆိုပါက ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်း၏ ရုံးအဖွဲ့သို့ ကြိုတင်ပေးပို့ နိုင်ကြောင်းလည်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရှင်းလင်းပွဲတွင် နိုင်ငံခြား ဘဏ်စာရင်းငါးခု၌ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံ ကိစ္စကိုလည်း မေးမြန်းနိုင်ကြောင်းနှင့် စက်တင်ဘာ ၂၀ ရက် နံနက် ၁၀ နာရီတွင် အစည်းအဝေးကို စတင်ကျင်းပမည် ဖြစ်သည်။

No comments: