Wednesday, September 18, 2013

သီတဂူပြောသောစကား

“ ဟိုက ကလေးတွေက.. မင်းရောဂါသည်တွေထက် စိုးရိမ်စရာ အခြေနေရောက်နေတယ်။ မြန်မြန် သွားကယ်ပေးစမ်းပါ။ ” သီတဂူဆရာတော် - “ ဟေ့... ဒေါက်တာမြတ်သူ အခြေအနေဘယ်လိုရှိလဲ? မင်း . . .အာရှတော်ဝန်က နှလုံးရောဂါသည်တွေ ထားစမ်းပါ။ ငါကုခိုင်းလိုက် ပါ့မယ် ။ ” “ ဟိုမလေးက နှလုံးရောဂါသည် ကလေးတွေအတွက်ကို အကောင်းဆုံးလုပ်ပေးလိုက်စမ်းပါ။ ဟိုက ကလေးတွေက မင်းရောဂါသည်တွေထက် စိုးရိမ်စရာ အခြေနေ ရောက်နေတယ်။ မြန်မြန် သွားကယ်ပေးစမ်းပါ။ ” “ ဟေ...အေး လေယဉ်လွှတ်လိုက်ပြီလား? လူ ဘယ်နှစ်ယောက်သယ်နိုင်မလဲ? သယ်နိုင်သလောက် ခေါ်ခဲ့ဟေ့။ ၁၇၀ - ဦးသယ်နိုင်မယ် အေးခေါ်ခဲ့ကွာ အကုန် ခေါ်ခဲ့ဟေ့။ OK OK ဒါပဲ ငါလည်းမနက်ဖန် မြန်မာကိုပြန်ရောက်မယ်။ သတင်းကောင်းပဲကြားချင်တယ်ဟေ့။ ” (သီတဂူဆရာတော်ကြီး သီရိလင်္ကာ မကုဋာရာမမြန်မာကျောင်း အခန်းမှာ သီတင်းသုံးနေစဉ်အခါက မလေးရှား၌ ဒုက္ခကြုံတွေ့ နေကြရသော မြန်မာလူမျိုးများအတွက် စိုးရိမ်တကြီးဖြင့် ဖုန်းဆတ်နေတာပါ။)

No comments: