မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, September 19, 2013
သင့်ကျန်မာရေး
သင့်ကျန်းမာရေး
(အသည်းရောင်စီ ကုသဆေးသစ်)
အမေရိကန်သုတေသီများ က နာတာရှည်အသည်းရောင်စီ လူနာ များရဲ့ (၇၀)ရာခိုင်နှုန်းပျောက်ကင်း စေမယ့်ဆေးပေါင်းကုသမှု အသစ် တစ်ခုကို စမ်းသပ်အောင်မြင်ဖို့ မျှော် လင့်နေကြတယ်လို့ ဩဂုတ် (၂၇) (အင်္ဂါနေ့)က ပြောကြားခဲ့တယ်။
အမေရိကန် ဆေးကောင်စီ အပတ်စဉ်ထုတ်ဂျာနယ် (JAMA) မှာ စမ်းသပ်မှုအကျဉ်းချုပ်ဆိုရာမှာ သည်ဆေးဟာ လုံခြုံစိတ်ချရပြီး အကျိုးများစေမယ်လို့စမ်းသပ်တဲ့ဆေး ဝါး 'ဆိုဖော့ဗျူပါ' (Sofosbuvir ) ဟာ ကုသမှုလိုင်စင်ရှိပြီးသား 'ရီဗာဗီ ရင်(Ribavirin)ထက် သာလွန် ကြောင်း ဆိုပါတယ်'။
သည်ဆေးဟာ ပါးစပ်က သောက်နိုင်ပြီး အပတ်စဉ်ထိုးပေး ရတဲ့ အင်တာဖရွန်(အယ်ဖာ)ကဲ့သို့ စိတ်ဓာတ်ကျတာ တုပ်ကွေးဖျားတာ၊ သွေးအားနည်းတာစတဲ့ မကောင်း ချက်များလည်း မရှိဘူး။
လူနာ(၁၀)ဦးကို အင်တာ ဖရွန်ထိုးဆေးနဲ့သည်ဆေး 'ဆိုဖော့ ဗျူပါ' (၄၀ဝ)မီလီဂရမ်နေ့စဉ်တိုက် သွားတာ ခြောက်လအကြားမှာ လူနာ (၉)ယောက်၌ အသည်းရောင် စီပိုး လုံးဝပျောက်သွားပြီး 'စီကုသမှု' ဆုံးခန်းတိုင်တယ်။ လူနာ(၉)ဦးလုံး ဟာ ကုသချိန်(၁၂)ပတ်ကတည်းက အသည်းရောင်စီပိုး မတွေ့တော့ဘဲ (၂၄)ပတ်ကြာတဲ့အခါ ရောဂါကုသမှု ပြီးမြောက်ကြောင်း ဆိုတယ်။
ဒုတိယစမ်းသပ်တဲ့လူ (၅၀)အုပ်စုမှာ အဖွဲ့(၂)ဖွဲ့ခွဲလိုက်ပြီး 'ဆိုဖော့ဗျူပါ'အလေးချိန် အခြေခံ ပမာဏနဲ့ကုသပေးခဲ့ရာ လူ(၇၀) ရာခိုင်နှုန်းမှာ ထိုးဆေးအင်တာ ဖာရွန်မပါ ဘဲနှင့်ပျောက်ကင်းသွား ကြောင်း အံ့အားသင့်စေခဲ့တယ်။
လူနာ(၆၀)ဟာ အသည်း ရောင်စီ(၁)ကူးစက်ထားရာမှ (လူငါး ဆယ်ဟာ အာဖရိက-အမေရိကန် လူမျိုးများဖြစ်တယ်)ဆိုခဲ့ပြီးတဲ့ စား ဆေးနဲ့ထိုးဆေးကုသရာပျောက်ကင်း ပြီး ဆေးမကောင်းချက်အနေနဲ့ အနည်းငယ် ခေါင်းကိုက်သွေးအား နည်းနဲ့ ခေါင်းနည်းနည်းမူးပြီး နုံးခွေ၊ အော့အန်စတာလောက် ရှိတယ်။
အသည်းရောင်စီပိုးဟာ မသန့် တဲ့သွေးမှ တစ်ဆင့်ကူးစက်တာ ဖြစ် ပြီး အမေရိကန်သား(၃)သန်းဟာ ကူးစက်နေတယ်။ တစ်နှစ်ကို အသည်းရောင်စီပိုးမှတစ်ဆင့် အ သည်းကျွတ်ဆတ်နာ၊ အသည်းကင် ဆာတို့ကြောင့် လူ(၁၅၀ဝ၀)ကျော် ဟာ သေဆုံးရတယ်လို့ သိရတယ်။
အသည်းရောင်စီပိုး ကုသတဲ့ ဆေးထဲမှာ ဖိနှိပ်မူအနည်းငယ်နဲ့ ဘေးထွက်ဆိုးကျိုး အနည်းငယ်သာ ရှိပြီး သွေးထဲ စီပိုးမရှိတော့တဲ့အ ထိ ကုသနိုင်တဲ့လိုအပ်တဲ့ ဆေးတစ်မျိုး ပါပဲလို့ ကူးစက်ရောဂါနှင့်ဓာတ် မတည့်မှု အမျိုးသားတက္ကသိုလ်ရဲ့ဒါ ရိုက်တာ သုတေသီ မစ္စတာအန်တိုနီ ဖော်စီက ဆိုပါတယ်။
အရင်ဆေးတွေထက်စာ ရင်း အင်တာဖရွန်မပါတဲ့ အသည်းရောင် စီ ကုသမှုပြီးဆုံးတဲ့ဆေး'ဆိုဖော့ဗျူပါ'ကို ပိုမိုအစွမ်းထက်ပြီး ဘေးထွက်ဆိုး ကျိုး လုံခြုံစိတ်ချ'လို့ဆိုပါတယ်။
ဒေါက်တာလွင်သန့်(ဆေး -၂)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment