Sunday, September 22, 2013

ရထားလမ်းချော်

ပုဂံ-ရန်ကုန်အထူးရထား ဥကံ္ကဘူတာအနီး ဘီးချော်တိမ်းမှောက် [ ဝေေ၀နှင်း ၊ စက်တင်ဘာ ၁၂ ၊ ရန်ကုန် ] ခရီး သည် ၁၅၀ တင်ဆောင်လာသော ပုဂံ-ရန်ကုန်အဆန် အထူးရထား သည် စက်တင်ဘာ ၁၉ ရက် နံ နက် ၉ နာရီခွဲခန့်တွင် တိုက်ကြီး မြို့နယ် ဥက္ကံဘူတာအနီးတွင် ဘီး ချော်ကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။ အဆိုပါရထားဘီးချော်မှု ကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိ ဘဲ ဥက္ကံဘူတာအနီး အမှတ် (၁) လမ်းမအနားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မီးရထားပို့ဆောင် ရေးဝန်ကြီးဌာန (အောက်မြန်မာ ပြည်)မှ တာဝန်ရှိသူတစ်ဦးက အ တည်ပြုပြောကြားသည်။ ယင်းတာဝန်ရှိသူက ''ဒီနေ့ နံနက်ကဖြစ်ခဲ့တာပါ။ အမှတ် (၁) လမ်းနားက ဥက္ကံဘူတာအနီးမှာ ပါ။ ဒီလိုရထားဘီးချော်မှုကြောင့် ခရီးသည်တွေတစ်ဦးမှ ထိခိုက်တာ မျိုးမရှိပါဘူး''ဟု ပြောသည်။ ပုဂံမှရန်ကုန်သို့ ထွက်ခွာ လာသော စက်ခေါင်းအမှတ်- ၂၀၅၉ ပုဂံ-ရန်ကုန်အဆန် အထူး ရထားသည် ဥက္ကံဘူတာအနီး မိုင်တိုင်အမှတ် ၅၆/၁ရ နှင့် ၅၆/၁၈ကြားတွင် ရထားတွဲ ခု နစ်တွဲမှ စက်ခေါင်း၏အနောက် ဘက်တွင်ရှိသော သုံးတွဲမြောက် ရထားတွဲမှ နောက်ဘီးချော်ကာ ရထားသံလမ်း၏ ယာဘက်သို့ကျ သွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန် ခဲ့သည်။ ယင်းကဲ့သို့ အထူးအဆန် ရထားဘီးချော်မှုကြောင့် ရထား ပေါ်တွင် စီးနင်းလိုက်ပါသူ ခရီး သည်တစ်ဦးတစ်ယောက်မှ ထိ ခိုက်ဒဏ်ရာမရရှိဘဲ သက်ဆိုင်ရာ မှ ပြန်လည်ထွက်ခွာနိုင်အောင် စီစဉ်မှုများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ YMG

No comments: