Saturday, September 14, 2013

စစ်ရေး

ကျွန်တော် social network မှာလဲ စာတွေ post တွေ အတော်ဖတ်ပြီးပါပြီ။ ကျဆုံးသွားတဲ့ တပ်မတော်သားတွေ အတွက်လည်း အများပြည်သူများ စိတ်မကောင်းဖြစ်ကျ ယူကြုံးမရဖြစ်ရတာတွေလည်း ဖတ်ရပါတယ်။ ထို့အတူ KIA ကို အပြီးတိုင်ချေမှုန်းဖို့ တိုက်တွန်းတဲ့သူ အတော်များလာတာကိုလည်း တွေ့ရပါတယ်။ အဲဒီထဲကမှ ကျွန်တော် ပြဿနာနှစ်ခုသွားတွေ့ပါတယ်။ တစ်ခုက သတင်းမီဒီယာနဲ့ နိုင်ငံရေးသမား တစ်ချို့က ဒီသတင်းကို မဟုတ်မမှန်လုပ်ကြံတာလို့ ပြောကြားတာရယ်.. ဒါကို ဒေါသထွက်ပြီး ပြန်လည်ချေပထားတဲ့ သူတွေရယ်ပါ။ ကျွန်တော် ပြောချင်တာကတော့ အခုဖြစ်နေတာ ကောလဟလ မဟုတ်ပါ... တကယ်အတည် ရက်စက်စွာအသက်ခံခဲ့ရတာပါ.... ဒီနေ့ထုတ်သတင်းစာ နာရေးသတင်းမှာလည်း ဖော်ပြပါရှိပါတယ်။ ဒါကို အဲဒီ စတုတ္ထမဏ္ဍိုင်တွေနဲ့ နိုင်ငံရေးသမားတွေ ဘာကြောင့် ဒါကို မဟုတ်ဘူး ကောလဟာလလို့ ပြောရသလဲ... စတုတ္ထမဏ္ဍိုင်တွေအနေနဲ့ ဘာလို့ပြောလဲဆိုတာ အကြောင်း ၂ ချက်ရှိတယ်လို့ ကျွန်တော် ယူဆထားပါတယ်.... ဒါပေမယ့် နိုင်ငံရေးသမားတွေ ဘာလို့ ဒီလိုပြောတာလဲတော့ ကျွန်တော် မသိပါ... သူတို့ဘာသာသူတို့ သိပါလိမ့်မယ်... KIA ရဲ့ ထောက်ပံ့စာ ယူထားလို့ ဒါမှမဟုတ် ခုချိန်မှာ သူရဲကောင်းလုပ်ချင်လို့လဲ ဖြစ်ကောင်းဖြစ်မှာပါ... စတုတ္ထမဏ္ဍိုင်က ဘာလို့ဆိုတဲ့ ကျွန်တော့် သုံးသပ်ချက်က နံပါတ် ၁ ဒီသတင်းကို ထုတ်ပြန်ပေးတဲ့ တရားဝင် အစိုးရ ဒါမှမဟုတ် တပ်မတော် ဘယ်မီဒီယာမှ မရှိပါဘူး။ နံပါတ် ၂ နီးစပ်တဲ့သူကို မေးရင်လည်း ဘယ်အရာရှိမှ သတင်းမပေါက်ကြားရဲပါဘူး အတည်မပြုပေးရဲပါဘူး.... ကျွန်တော်တို့နဲ့အတူ အခြားသော လူမှုကွန်ယက်မှ ဒီသတင်းနဲ့ပတ်သက်ပြီး ရေးကြပြုကြတာဟာ တကယ်တော့ တရားဝင်မဟုတ်ပါဘူး... ဒါကို အတည်ပြုပြီး စတုတ္ထမဏ္ဍိုင်ကာ ရေးလို့မရနိုင်ပါဘူး... ရေးလို့ တစ်ခုခုဖြစ်ရင် တရားစွဲခံရမှာပါ... မဖြစ်ခဲ့ရင် ဘာမှမဖြစ်ပါဘူး... ခုလို ကောလဟာလလို့ ရေးလိုက်လို့ လူမှုကွန်ယက်မှာ ဝိုင်းဝန်းပြောကြပေမယ့် တကယ်တန်း တရားဘယ်သူမှ မဆွဲပါဘူး... ခုလို ဘယ်သူကမှ အတည်မပြုတာကို ရေးပြီးမှ တပ်မတော်ကဖြစ်စေ အစိုးရကဖြစ်စေ တရားစွဲရင် ပိုပြီး ပြသနာကြီးသွားပါပြီ... ဒါဆို မေးစရာရှိလာတယ် ဘာလို့ KIA သတင်းကျထည့်လဲပေါ့.. KIA က သူပုန်ပါ.. သူတို့က မီဒီယာကို တရားစွဲစရာ မလိုသလို သူတို့မကောင်းကြောင်းရေးလဲ ဘာမှမဖြစ်ပါ... သူတို့ဆီကိုဖုန်းဆက်ရင် ဖြေမယ့်သူကအဆင့်သင့်ပါ... ကျွန်တော်တို့ဆီမှာ အထက်ကိုလှမ်းသတင်းပို့နေရချိန် သူတို့ဆီမှာက မီဒီယာကို ဓါတ်ပုံတောင်ဖြန့်ပြီးပါပြီ... မီဒီယာက သူတို့သတင်းအမှားရေးမိလဲ သူတို့က တရားစွဲမှာမဟုတ်ပါ.. ဘာလို့လဲဆိုတော့ စကတည်းက သူတို့က သူပုန်တွေပဲလေ.... ကျွန်တော် စတုတ္ထမဏ္ဍိုင်တွေ မှန်တယ်လို့လဲ ဆိုလိုတာမဟုတ်ပါ... ကိုယ့်အားနည်းချက်ကို ကိုယ်ပြန်မြင်ယောင်စေချင်လို့ပါ... ကျွန်တော်လဲ ဒေါသထွက်ပါတယ်... ဒေါသတွေလျှောက်ထွက်နေမယ့်အစား တစ်ခုခုကို ဆုံးဖြတ်ချက်ချမှတ်ပြီး သေချာအကောင်အထည်ဖော်တာ ပိုထိရောက်ပါတယ်... ဒါကြောင့် ကျွန်တော်ပြောချင်တာ တပ်မတော်မှာ တရားဝင် မီဒီယာကို သတင်းပေးနိုင်မယ့် အတည်ပြုပေးနိုင်မယ့် ပြည်သူလူထုနဲ့ ထိတွေ့နိုင်မယ့် အင်တာနက် စာမျက်နှာ နှင့်အတူ တရားဝင် လူမှုကွန်ယက်စာမျက်နှာ ရှိသင့်တဲ့ အချိန်တန်ပါပြီလို့ ပြောချင်ပါတယ်... မြန်မာနိုင်ငံရဲတပ်ဖွဲ့တောင် လူမှုကွန်ယက်စာမျက်နှာရှိလို့ ယခင်ကထက် ပြည်သူနဲ့ ထိတွေ့မှု မီဒီယာ ထိတွေ့မှုအပိုင်းတွေမှာ ပိုအားကောင်းလာပါတယ်.. ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ တပ်မတော်တွေအတော်များများမှာ ရှေးရိုးဆန်တဲ့ ဒီဇိုင်းအသွင်ပြင်နဲ့ မဟုတ်ပဲ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းနဲ့အတူ သတင်းအချက်အလက် အမှန်တွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးလေ့ရှိတဲ့ ကိုယ်ပိုင် အင်တာနက်စာမျက်နှာ၊ လူမှုကွန်ယက်စာမျက်နှာများ အသီးသီးရှိကြပါတယ်။ ဟိုတစ်နေ့က တောင်ကိုးရီးယားမှာ KAI T-50 အမောင်းသင်ဂျက်လေယာဉ် တစ်စီး လေ့ကျင့်ပျံသန်းရင်း မတော်တဆဖြစ်ကာ လေသူရဲ နှစ်ဦး ကျဆုံးသွားတဲ့ သတင်းဆိုရင် တောင်ကိုးရီးယား လေတပ်ရဲ့ လူမှုကွန်ယက်စာမျက်နှာကော အင်တာနက်စာမျက်နှာကပါ တရားဝင် အချိန်နှင့်တပြေးညီ ပြည်သူကိုထုတ်ပြန်ပေးလို့ ကျွန်တော်တို့တောင် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပါသေးတယ်။ ခုလည်း မလိုလားအပ်တဲ့ ပြသနာတွေ အထင်လွဲမှုတွေဟာ တကယ်တန်း တိကျတဲ့ အချိန်နဲ့ တပြေးညီ သတင်းထုတ်ပြန်မှု လစ်ဟင်းနေတဲ့ ပြည်သူနဲ့ ပေါင်းကူးနိုင်တဲ့ အရာတွေ ဘာဆိုဘာမှ မရှိပဲ တစ်ခါလာလဲ မြဝတီ နှစ်ခါလာလဲ မြဝတီနဲ့ မြဝတီက တီဗီချယ်နယ် up to date information center မဟုတ်ဘူး social network page လည်း မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော့်အနေနဲ့ အကြံပြုချင်တာကတော့... တပ်မတော်ကို ပြည်သူနဲ့ တသားတည်းဖြစ်စေချင်ရင် ... ပြည်သူတွေကလည်း တပ်မတော်ကို ယုံကြည်ကိုးစားစေချင်ရင် အရင်ကလို တီဗီအစီအစဉ်တွေ လွှင့်နေယုံနဲ့ မရတော့ပါဘူး... တကယ်တန်း ဖြစ်နေတဲ့ ပြောင်းလဲနေတဲ့ ခေတ်တွေ နည်းပညာတွေနဲ့ အတူ ရင်ဘောင်တန်း အမှီလိုက်ရင်းနဲ့ အိုင်တီ မီဒီယာ နည်းပညာကို ကောင်းစွာ အသုံးချက တရားဝင် အချိန်နှင့် တပြေးညီ သတင်းထုတ်ပြန်ပေးနိုင်သော သတင်းအချက်အလက်များ ဥပဒေများ ဗဟုသုတများ စစ်ဖက်ဆိုင်ရာ အခြေခံအချက်အလက်များ ပြည်သူများသိရှိထားသင့်သည့် တပ်မတော်ဆိုင်ရာ အချက်အလက်များကို ဖြန့်ဝေပေးနိုင်တဲ့ အင်တာနက်စာမျက်နှာ လူမှုကွန်ယက်စာမျက်နှာများ စတင်ဖွင့်လှစ်မည်ဆိုပါက လွန်စွာသင့်တော်မှာပဲဖြစ်ပါတယ်... ဒါကြောင့် တပ်မတော် အကြီးအကဲတွေ မီဒီယာ အင်တာနက်ကို စိုရိန်နေမယ့်အစား နည်းလမ်းကောင်းလေးတွေနဲ့ ထိတွေ့တာ ပြည်သူ တပ်မတော် နှစ်ဖက်စလုံး အကျိုးရှိစေနိုင်ကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။ အောက်မှာ ကမ္ဘာ့နိုင်ငံ အသီးသီးက တရားဝင် ထုတ်ပြန်ထားတဲ့ မီဒီယာ လူမှုကွန်ယက် အင်တာနက် စာမျက်နှာများကို ဖော်ပြထားရှိပါတယ်။ Korea Republic of Singapore Air Force (https://www.facebook.com/rokairforce) India Navy http://www.nausena-bharti.nic.in/ United States http://www.defense.gov/ China Military http://english.chinamil.com.cn/ ဝေဟင်ချစ်သူ www.facebook.com/theuseofforce

No comments: