Saturday, September 14, 2013

မူခင်း ဆေးပြားမိ

နောင်ချိုမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ နေပြည်တော်၊ စက်တင်ဘာ ၁၄ ၁၃-၉-၂၀၁၃ ရက်နေ့ ၂၃၀၀ အချိန် လားရှိုးမူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ နောင်ချိုမြို့အ၀င်၊ မိုင်တိုင်အမှတ်(၇၈/၅)တွင် မူဆယ်မှမန္တလေးသို့ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်၊ ၈၉လမ်း၊ ၁၇x၁၈ ကြားနေ ဟန်နု(၅၀)နှစ် မောင်းနှင်လာသည့် ၁ဃ/xxxx MISUBISHI PAJERO ယာဉ်အားရပ်တန့်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေခဲ့ရာ ယာဉ်မောင်းဘေးထိုင်ခုံအောက်ရှိ ကြွပ်ကြွပ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇၉၀ ပြား၊ အလေးချိန်(၇၁.၁)ဂရမ်၊ တန်ဘိုးငွေကျပ်(၁၅.၈)သိန်းအား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသဖြင့် ဟန်နုအား နောင်ချိုမြို့မရဲစခန်း မယ(ပ)၄၉/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

No comments: