Thursday, September 19, 2013

ဘုရားစူးပါစေတော်

ဘုရားစူးပါရစေရဲ့ " ----------------------- လင်မယား နှစ်ယောက် တွင် ကလေး လေးယောက်ရှိလေသည် ..အကြီးသုံးယောက် သည် ဆံပင် အနီရောင်၊ အသား ခပ်လတ်လတ် နဲ့ အရပ်လဲ အတော်ရှည်ကျသည်။ အငယ်ဆုံးတယောက်သာ အစ်ကိုများနှင့်မတူပဲ .. ဆံပင် အနက်၊ မျက်လုံးအနက်၊ အသားအတော်အတန်ညိုပြီး အနည်းငယ်ပုလေသည်..တနေ့တော့ ယောက်ျား ဖြစ်သူမှာ အသည်းအသန် နေမကောင်း ဖြစ်လေသည်။ သေခါနီးဆဲဆဲတွင်သူ့ မိန်းမကို ခေါ်ပြီး .. “ ငါ့ကို တခါလောက်တော့ အမှန်ပြောစမ်းပါ .. ငါလဲသေခါနီးနေပါပြီ .. အမှန်ကို သိသွားချင်လို့ပါ .. အငယ်ဆုံးသားက ငါ့သားမှ ဟုတ်ရဲ့လားကွာ “ မိန်းမလဲ ရှိသမျှ ယောကျာ်း ယုံလောက်တဲ့ အရာတွေ ကျိန်တွယ်ပြီးပြောလေသည် .. “ ဘုရားစူးပါရစေရဲ့ ဒီတယောက်က ရှင်နဲ့ရတဲ့ ရှင့်သားပါ “ ယောကျာ်းလဲ ယုံကြည်မှုရပြီး သိပ်မကြာခင် ဆုံးပါးသွားလေသည် .. အဲဒီတော့မှ မိန်းမ က သက်ပြင်းချကာ ထပြောလိုက်လေသည် .. “ ဘုရား .. ဘုရား ကျန်တဲ့ သုံးရောက်ကို မမေးသွားလို့ တော်ပါသေးရဲ့ ..” - Xin

Chilly's Joke Corner

No comments: