Monday, September 23, 2013

ဆေးပြားမိ

ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ နေပြည်တော်၊ စက်တင်ဘာ ၂၂ ၂၀-၉-၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန် ရှမ်းပြည်နယ်၊ မူဆယ်မူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ကွတ်ခိုင်-တာမိုးညဲကားလမ်း၊ စုစည်းကျေးရွာအ၀င်လမ်းမပေါ်တွင် တာမိုးညဲမှကွက်ခိုင်သို့ ကွတ်ခိုင်မြို့၊ မန်ပြိန်းကျေးရွာနေ ဇော်ဘောက်(ခ) ငွါးဆေး(၄၃)နှစ် မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ ၎င်း၏လွယ်အိတ်အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက် ၈ ခွက်၊ အလေးချိန် (၁၁၂)ဂရမ်၊ တန်ဘိုးငွေကျပ် (၂၂.၄)သိန်း၊ ၈၈ နှင့် ၁ စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၉၈၀ ပြား၊ တန်ဘိုးငွေကျပ်(၃၉.၆)သိန်းအား သိမ်းဆည်းရမိခဲ့သဖြင့် ဇော်ဘောက်(ခ)ငွါးဆေးအား ကွတ်ခိုင်မြို့မ ရဲစခန်း မယ(ပ) ၁၀၁/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

No comments: