Monday, September 23, 2013

ဆေးပြားမိပြန်ပြီး

တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ နေပြည်တော်၊ စက်တင်ဘာ ၂၂ ၂၁-၉-၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန် ရှမ်းပြည်နယ်၊ တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဟောင်လိတ်အုပ်စု၊ ၀ိန်းကျောက်(အာခါ)ရွာနေ လောက်လွိုင်(၆၀)နှစ်၏နေအိမ်အား ၀င်ရောက်ရှာဖွေစစ်ဆေးခဲ့သည်။ ထိုသို့ရှာဖွေရာ နေအိမ်ဧည့်ခန်းရှိ ရေခဲဗူးအတွင်းမှ WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ပြား၊ အိမ်ခန်းအတွင်းရှိ စတီးအိုးအတွင်းမှ WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀ ပြား၊ စုစုပေါင်း(၁၁၅၀)ပြား၊ တန်ဘိုးငွေကျပ်(၂၃)သိန်း၊ အိုက်(စ်) (၁.၅)ဂရမ် တန်ဘိုးငွေကျပ် (၂၄၀၀၀ိ/-)အား သိမ်းဆည်းရမိခဲ့သဖြင့် လောက်လွိုင်အား တာချီလိတ်မြို့မရဲစခန်း မယ(ပ)၁၁၇/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

No comments: